
နေပြည်တော် ဇူလိုင် ၁
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၅)ကို ဇူလိုင် ၂ ရက် ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို မြန်မာ့ အသံ ခေတ်ပေါ် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြသည့် သန်းထွန်းလေး၊ ဓညဝတီကျော် ဝင်း၊ ကိုခင်မောင်သန်း၊ ထက်မြက် စိုး၊ ကိုစန်းလွင်၊ ခိုင်ဝါ၊ ယဉ်ဝေယံ ထွန်း၊ ရွှေယမင်းဦး၊ ဆွေဆွေမြင့် နှင့် အိအိလှိုင်တို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်