
နေပြည်တော် ဇွန် ၂၄
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၄)ကို ဇွန် ၂၅ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို စန္ဒရား ကွန်းဇော် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် ထား၊ သန်းမြတ်စိုး၊ တက္ကသိုလ်လဲ့လဲ့၊ ပန်းအိဖြူ၊ အိအိချွန်၊ ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ ရွှေရည်ဝင်း၊ နှင်းနှင်းထူး၊ သက်မှူးခင်၊ ရွှေဖြူ တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဇွန် ၂၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်