ဦးတည်အုပ်စုများအလိုက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇန်နဝါရီ    ၂


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာ မရွေး အသက် ၄၀အထက် ဒေသခံ ပြည်သူများ၊     အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား     လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ  ပြည်သူများ၊  အသက် (၁၂)နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့်  ကျောင်းသား  ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍      တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး        ဝန်ထမ်းများ နှင့်   စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း  လုပ်ငန်း များကို      ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နှင့်  မိုင်းပျဉ်းမြို့ တို့၌  ဒေသခံပြည်သူ ၁၆၀ ၊ မွန် ပြည်နယ်နှင့်   ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄မြို့နယ်တို့ ၌   ဒေသခံပြည်သူ  ၁၀၄၈၁  ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံ ပြည်သူ ၂၁၈၀၉ ဦး၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့်   မြေပုံ မြို့နယ်တို့၌     ဒေသခံပြည်သူ ၁၆၉၀ ၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ  ခရိုင်ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ ၉၄၃၂ ဦး၊ ပဲခူးတိုင်းဒေသ ကြီး  တောင်ငူမြို့နှင့်  ထန်းတပင် မြို့နယ်တို့၌  သံဃာတော်  နှစ်ပါး နှင့် ဒေသခံပြည်သူ  ၁၀၀၅ ဦးတို့ ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေးသည်။ 

 


ထို့အတူ            ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ    ယနေ့တွင် ဧရာဝတီတိုင်း   ဒေသကြီးအတွင်း ရှိ    မြို့နယ် ၂၆  မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၅၀၁ ဦး တို့ကို   တပ်မတော်မှ  ဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သက်ဆိုင်ရာ ကျန်းမာရေး   ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်   ကြည့်ရှုအားပေးပြီး လိုအပ်သည်များ        ပေါင်းစပ် ညှိနှိုင်း   ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။     


  သတင်းစဉ်