
နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရာတွင် အသုံးပြု မည့် ဆက်စပ်ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ် စနစ်တကျရှိစေရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ (၁) ၌ Virtual စနစ် ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရာတွင် အသုံးပြု မည့် ဆက်စပ်ဆေးဝါးများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ဆေးဝါးများတင်သွင်း ဖြန့်ဖြူးမည့်ကုမ္ပဏီများကို မြန်မာ နိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ စိစစ်ကြပ်မတ်ပြီး နိုင်ငံတော်မှ ရောင်းချပေးသည့် နိုင်ငံခြားငွေများကို စနစ်တကျဖြင့် ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဦးစားပေး တင်သွင်းဖြန့်ဖြူးမည့် ဆေးအမျိုး အစားများကို အတည်ပြုသတ်မှတ် ၍ ဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချမည့် လုပ်ငန်းစဉ်များကို တိကျစွာ သတ်မှတ်ဆောင်ရွက် ပေးရန်နှင့် တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေးပေးကြရန် မှာကြားသည်။
ယင်းနောက် ဝန်ကြီးဌာနများ မှ တာဝန်ရှိသူများနှင့် အစည်း အဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ရာတွင်အသုံးပြုမည့် ဆက်စပ် ဆေးဝါးများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ဆေးဝါး များ တင်သွင်းဖြန့်ဖြူးရာတွင် အများပြည်သူအသုံးပြုမှုများပြား သည့်ဆေးဝါးများကို ဦးစားပေး တင်သွင်းရေးနှင့် ဆေးဝါးများ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှု ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန် OSS Task Force အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်