
နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာ- ရုရှား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးအတွက် ရုရှားခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ပြုပေးထားခဲ့ ရာ ရုရှားခရီးသွားဈေးကွက် မြန်မာ နိုင်ငံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာ ရေးကို အထောက်အကူပြုနိုင်စေ ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ video conferen-cing စနစ်ဖြင့် ရုရှားနိုင်ငံ အခြေ စိုက် Ural Airlines Magazine မှ အယ်ဒီတာချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ရုရှားနိုင်ငံ တွင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် ရှေ့ ဆက်လက်ပူးပေါင်းဆောင်ရွက်လို သည့် ကိစ္စရပ်များနှင့် သိရှိလိုသည် များကို ရင်းနှီးပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေးမေးမြန်းကာ Ural Airlines ၏ On-Board မဂ္ဂဇင်းများတွင် မြန်မာနိုင်ငံ ၏ ခရီးစဉ်ဒေသများအကြောင်း ထည့်သွင်းရေးနှင့် Ural Airlines Magazine အဖွဲ့အတွက် မြန်မာ နိုင်ငံသို့ မီဒီယာခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည် ထောင်စုဝန်ကြီးနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊ ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ပြီး Ural Airlines Magazine မှ အယ်ဒီတာချုပ်၊ အရောင်းမြှင့်တင်ရေးတာဝန်ခံနှင့် လေယာဉ်ခရီးစဉ်ဆိုင်ရာ စျေး ကွက်မြှင့်တင်ရေး တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်