
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများကပ်လှူပူဇော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေစင်ရွှေပြား (၁)ချပ် (အရွယ် တစ်ပေ x တစ်ပေ၊ အလေးချိန် ရွှေတစ်ကျပ်သား) ၏ မ,တည်ကုန်ကျ စရိတ်မှာ ၂၅,၀၀,၀၀၀/-(ကျပ် နှစ်ဆယ့်ငါးသိန်းတိတိ)ဖြစ်ပြီး ရွှေစင် ရွှေပြား (၁)ချပ်ဆောင်ရွက်မှု လက်ခအပါ အမှန်ကုန်ကျစရိတ်မှာ ၃၁,၃၄,၀၀၀/- (ကျပ် သုံးဆယ့်တစ်သိန်း သုံးသောင်းလေးထောင်တိတိ) ဖြစ်ပါသည်။
တတိယအကြိမ် ရွှေစင်ရွှေပြားကပ်လှူပူဇော်ရေးအတွက် ၂၀၂၃- ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အလှူငွေများ လက်ခံခဲ့ရာ ယခုအခါ ၂၃၁၈ စတုရန်းပေဧရိယာအတွက် လှူဒါန်းပြီးဖြစ်၍ ၁၁၆၇စတုရန်းပေ လှူဒါန်းရန် ကျန်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ကျန်ရှိဧရိယာအတွက် ကုသိုလ်ပါဝင် လှူဒါန်းပူဇော်နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ
၁။ ဦးမြင့်စိုး၊ ကောင်စီဝင်၊ နေပြည်တော်ကောင်စီ
၀၉-၂၆၁၁၇၉၀၀၃
၂။ ဦးမောင်မောင်၊ ဒုတိယမြို့တော်ဝန်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၀၉-၄၀၄၄၃၄၄၉၉
၃။ ဦးထွန်းကြည်၊ ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်
၀၉-၅၁၃၅၆၉၈
၄။ ဥပ္ပါတသန္တိစေတီတော်၊ ဂေါပကအဖွဲ့ရုံး
၀၉-၄၄၂၂၅၂၆၇၀
၅။ AYA PAY (Merchant, ID. 20044314)
၆။ KBZ PAY (ID.70240001001)