
နေပြည်တော် မတ် ၄
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၁၈)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင် ဓမ္မာရုံ အတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသကိုယ်စား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသ ကြီး မြင်းခြံမြို့ ကိုးဆောင်တိုက်၊ သီရိမာလာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိပါလ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ဒေသခံသြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူကြ သည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ ကိုးဆောင်တိုက်၊ သီရိမာလာ ကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိ ပါလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှ ရေစက်ချ အနုမောဒနာတရား နာယူကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်