
နေပြည်တော် နိုဝင်ဘာ ၁၅
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီး ဌာနမှ အရာထမ်းများကို စီးပွားရေးစာချုပ်စာတမ်း များ ချုပ်ဆိုခြင်းနှင့် စိစစ်ခြင်းဆိုင်ရာသင်တန်း များကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ယခုအခါ အခြားသော ပြည်ထောင်စုဝန်ကြီး ဌာနများအတွက် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်းကို ဖွင့်လှစ်၍ သင်တန်းတက်ရောက်ပြီးသော အရာထမ်းများမှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချနိုင် စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများနှင့် ဥပဒေပညာစိတ်ဝင်စားသူ များအတွက် ဥပဒေအသိပညာ ပြန့်ပွားစေရန် နှင့် စာချုပ်စာတမ်းများစိစစ်နိုင်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာနက ဖက်စပ်စာချုပ်နှင့် မြေငှားရမ်းခြင်းစာချုပ် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန် (Guideline on Scrutinizing Joint Venture Agreement and Land Lease Agree-ment) စာအုပ် ကို ပြုစုထုတ်ဝေရောင်းချပေး လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်