ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းတွင် သရုပ်ပြတရားခွင် (Moot Court) လေ့ကျင့်ဆောင်ရွက်

 

 

နေပြည်တော်    မေ     ၃၀
ဥပဒေရေးရာဝန်ကြီးဌာန    သည် အသစ်ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ  ၁၀၀ ကို လေ့ကျင့် သင်ကြားရန်      “ဥပဒေအရာရှိ အဆင့်-၄    (အစမ်းခန့်)   များ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ် စဉ် ၁/၂၀၂၂ ”  ကို မတ် ၂၉ ရက်မှ မေ ၃၁ အထိ ဖွင့်လှစ်ပို့ချလျက် ရှိသည်။
ယင်းသင်တန်းတွင် သင်တန်း သား         ဥပဒေအရာရှိများကို သင်တန်းကာလ  တစ်လျှောက် မှတ်သားနာယူ လေ့လာခဲ့ရသည် များ လက်တွေ့အသုံးချ ဆောင် ရွက်နိုင်စေရေးနှင့် တာဝန်ကျရာ ဥပဒေရုံးအသီးသီးတွင် နိုင်ငံတော် ဘက်မှ အမှုလိုက်ပါ ဆောင်ရွက် ခြင်း    တာဝန်ကို     လက်တွေ့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်စေရေးအတွက်      သရုပ်ပြ တရားခွင်     (Moot Court)   ကို အမှုလိုက်အတွေ့အကြုံ   များစွာ ရှိသည့် အရာရှိကြီးများကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး      လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်