ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဘရူနိုင်းနိုင်ငံ၌ကျင်းပသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ် အာဆီယံဝန်ကြီးများ၊ ရှေ့နေချုပ်များ အစည်းအဝေးတက်ရောက်

 

နေပြည်တော်    နိုဝင်ဘာ   ၂၃


ဥပဒေရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့်    ပြည်ထောင်စု ရှေ့နေချုပ်  ဒေါက်တာ သီတာဦးသည်  ယမန်နေ့က  ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌  ကျင်းပသည့်  ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ်အာဆီယံ ဝန်ကြီးများ၊  ရှေ့နေချုပ်များ အစည်းအဝေးသို့      တက်ရောက် ဆွေးနွေးသည်။  
အစည်းအဝေးတွင်   ဘရူနိုင်း နိုင်ငံ ရှေ့နေချုပ်  H.E Dato Seri Paduka Ahmad Isa က အဖွင့် အမှာစကားပြောကြားပြီး သဘာ ပတိအဖြစ် ဆောင်ရွက်သည်။


ပြည်ထောင်စုဝန်ကြီး     နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက     ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ် ခြင်း၊ ငွေကြေးခဝါချခြင်း၊ လူကုန် ကူးခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု  စသည့်ပြစ်မှုများသည်        နိုင်ငံ ဖြတ်ကျော်    အုပ်စုဖွဲ့ကျူးလွန် သည့် ပြစ်မှုများအဖြစ် တွေ့မြင် လာရကြောင်း၊ ထိုသို့သော ပြစ်မှု များသည်   နိုင်ငံတစ်ခု၏    တရား ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စီး စေသည်သာမက နိုင်ငံတကာနှင့်  ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့်       တည်ငြိမ်ရေးတို့ကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း၊ လူမှု အဖွဲ့အစည်းများအတွင်း   တရား ဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန် ရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက်    နိုင်ငံဖြတ်ကျော်မှုခင်း များကို       တိုက်ဖျက်ရမည်ဖြစ် ပါကြောင်း။


တက်ကြွစွာပါဝင်


 နိုင်ငံတိုင်းတွင် ကျင့်သုံးသည့်  ဥပဒေစနစ်များ       တူညီမှုမရှိကြ သဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများ  တိုက်ဖျက်ရာတွင်   သက်ဆိုင်ရာ အာဏာပိုင်         အဖွဲ့အစည်းများ အကြား     ပူးပေါင်းဆောင်ရွက်မှု သည် များစွာအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ပြစ်မှုဆိုင်ရာကိစ္စရပ်များ တွင်  နိုင်ငံအချင်းချင်း အကူအညီ  ပေးရေးဆိုင်ရာ အာဆီယံသဘော တူစာချုပ်ကို   အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက အတည်ပြုပါဝင် ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည်  ကုလသမဂ္ဂနှင့် အာဆီယံ  တို့၏    အဖွဲ့ဝင်နိုင်ငံ    တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ    နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများဖြင့်    နိုင်ငံဖြတ် ကျော်မှုခင်းများကို တိုက်ဖျက်ရာ တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများ   တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း    (Con- vention against Transnational Organized Crimes) ကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊   ပြစ်မှု ဆိုင်ရာ  ကိစ္စရပ်များတွင်  နိုင်ငံ အချင်းချင်း   အကူအညီပေးရေး ဆိုင်ရာ အာဆီယံသဘောတူစာချုပ် ကို ၂၀၀၉ ခုနှစ်တွင် လည်းကောင်း  အဖွဲ့ဝင်    နိုင်ငံအဖြစ်    ပါဝင်ခဲ့ပါ ကြောင်း၊   ထို့ပြင်     ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့်          လည်း  နှစ်နိုင်ငံ   သဘောတူစာချုပ်များ ချုပ်ဆို၍ ပြစ်မှုဆိုင်ရာ မှုခင်းများ တွင် အပြန်အလှန် အကူအညီပေး ဆောင်ရွက်လျက်ရှိပါကြောင်း။


ပူးပေါင်းဆောင်ရွက်


ပြည်တွင်းဥပဒေအဖြစ် ပြစ်မှု ဆိုင်ရာ  ကိစ္စရပ်များတွင်  နိုင်ငံ အချင်းချင်း    အကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေတို့ကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာစံနှုန်းများ နှင့်အညီ         ရေးဆွဲပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ အဆိုပါဥပဒေအရ ပြည်ပ နိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံသို့  လည်းကောင်း၊    မြန်မာနိုင်ငံက ပြည်ပနိုင်ငံတစ်နိုင်ငံသို့    လည်း ကောင်း တိုက်ရိုက်ဖြစ်စေ၊ သံတမန် လမ်းကြောင်းမှ   တစ်ဆင့်ဖြစ်စေ  ပြစ်မှုဆိုင်ရာ          မှုခင်းများနှင့် စပ်လျဉ်း၍ အကူအညီတောင်းခံ နိုင်မည်ဖြစ်ပါကြောင်း၊    မြန်မာ နိုင်ငံသည် နိုင်ငံဖြတ်ကျော် မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံ တကာကွန်ဗင်းရှင်းများ၊ အာဆီယံ သဘောတူစာချုပ်များ၊   နှစ်နိုင်ငံ သဘောတူညီချက်များပါ တာဝန် များကို လိုက်နာအကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံဖြတ်ကျော်   မှုခင်းများသည် နိုင်ငံအားလုံးကို         ဆိုးရွားစွာ ခြိမ်းခြောက်လျက်  ရှိပါကြောင်း၊ အဆိုပါ မှုခင်းများကို ထိရောက်စွာ ဟန့်တား       တိုက်ဖျက်နိုင်ရေး အတွက်    နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်ရန်    မဖြစ်နိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက် မှုသည်        များစွာအရေးကြီးပါ ကြောင်း ပြောကြားသည်။


အဆိုပါ    အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြစ်မှု ဆိုင်ရာ  ကိစ္စရပ်များတွင်  နိုင်ငံ  အချင်းချင်း      အကူအညီပေးရေး ဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များမှ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေ ချုပ်များနှင့် အာဆီယံအထွေထွေ  အတွင်းရေးမှူးချုပ်ရုံး၊     ဥပဒေ ရေးရာဌာနခွဲမှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေး


အစည်းအဝေး  တက်ရောက်  စဉ် ကာလအတွင်း ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်     ဒေါက်တာသီတာဦးသည် ထိုင်းနိုင်ငံ ဒုတိယရှေ့နေချုပ် H.E Mr  Jumpon  Phansumrit  နှင့် တွေ့ဆုံ၍ ဥပဒေရေးရာဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံရှေ့နေချုပ်ရုံး  တို့အကြား  ဥပဒေရေးရာ အပြန် အလှန်    အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊ မြန်မာ - ထိုင်း - လာအိုနိုင်ငံ ဥပဒေအရာရှိများအကြား ရွှေတြိဂံ ဒေသ ဥပဒေအရာရှိများ ကွန်ရက်  အစီအစဉ်အရ အကောင်အထည် ဖော်     ဆောင်ရွက်နေမှုများနှင့် နှစ်စဉ် အစည်းအဝေးများ အလှည့် ကျ    လက်ခံကျင်းပဆောင်ရွက် ရေး၊ အာဆီယံရှေ့နေချုပ်ရုံးများ အကြား    ထိရောက်ကောင်းမွန် သည့် ပူးပေါင်းဆောင်ရွက်မှုများ  ဖြစ်ထွန်းလာစေရေး       အတွက် အာဆီယံ          ဥပဒေအရာရှိများ ကွန်ရက်တစ်ခု တည်ထောင်နိုင် ရေးတို့ကို   ရင်းနှီးစွာ   အမြင်ချင်း ဖလှယ်           ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။      


သတင်းစဉ်