ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ဖင်လန်ပြည်သူ့သမ္မတနိုင်ငံ)

Type
၅

 

ကိုအောင် (ရန်ကုန်)

 

ယမန်နေ့မှအဆက်


တစ်နိုင်ငံလုံးရှိ    မဲဆန္ဒနယ်   အမည်များနှင့်    ၎င်းတို့အတွက်   အမှတ်စဉ်များပါရှိသည့်   ကိုယ်စား လှယ်လောင်းစာရင်းချုပ် (Master List of Candi- dates) ကို ကြိုတင်မဲပေးရုံများတွင်   ကပ်ထား သည်။   သက်ဆိုင်ရာ  မဲရုံနှင့်ဆိုင်သည့် မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်းစာရင်းကို   ကြိုတင် မဲရုံအတွင်းရှိ    ဆန္ဒပြုခန်း (Polling Booth) တွင် ကပ်ထားသည်။ မဲပေးပြီးသည့်အခါ မိမိရေးသား ထားသည့် အမှတ်စဉ်ကို မမြင်စေရန် မဲလက်မှတ် ကိုခေါက်ပြီး ရွေးကောက်ပွဲအရာရှိထံတွင် တံဆိပ် တုံး ရိုက်နှိပ်ရသည်။ ယင်းမဲလက်မှတ်ကို    အညို ရောင်စာအိတ်အတွင်းသို့ထည့်ပြီး    နောက်တွင် မဲဆန္ဒရှင်က  အပေါ်စာကို  လက်မှတ်ရေးထိုးရ သည်။   ရွေးကောက်ပွဲအရာရှိက မဲလက်မှတ်  ထည့် သွင်းထားသည့်   အညိုရောင်စာအိတ်ကို ချိပ်ပိတ် ပြီးနောက် ယင်းအပေါ်စာနှင့်အတူ     အခြားစာအိတ်   တစ်လုံးအတွင်းသို့ ထပ်မံထည့်သွင်းသည်။ အဆိုပါ စာအိတ်များကို   ကြိုတင်မဲပေးသူနေထိုင်သည့်      မြူနီစီပယ်ရှိ  ဗဟိုမြူနီစီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ထံသို့   ပေးပို့ရသည်။ 

 


စာတိုက်မှတစ်ဆင့်ဆန္ဒမဲပေးခြင်း 


နိုင်ငံပြင်ပရောက် ဖင်လန်နိုင်ငံသားများအနေ ဖြင့်  ကြိုတင်မဲ သို့မဟုတ်  ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းမပြုနိုင်ပါက စာတိုက်မှတစ်ဆင့် မဲပေး နိုင်သည်။ စာတိုက်မှတစ်ဆင့် မဲပေးရန် လိုအပ်သော စာရွက်စာတမ်းများကို ရွေးကောက်ပွဲနေ့မတိုင်မီ သုံးလ   ကြိုတင်တောင်းခံရသည်။  မဲဆန္ဒရှင်သည် မိမိ၏အိမ်တွင် အနည်းဆုံး သက်သေ နှစ်ဦးထားရှိ ကာ မဲပေးနိုင်ပြီး  ယင်းသက်သေ  နှစ်ဦးက  အဆိုပါ ဆန္ဒမဲသည် လွတ်လပ်စွာ လျှို့ဝှက်မဲပေးခြင်းဖြစ် ကြောင်း သက်သေခံလက်မှတ် ရေးထိုးပေးရသည်။ ဆန္ဒပြုပြီးသည့်    မဲလက်မှတ်ကို    ချိပ်ပိတ်ပြီး မဲလက်မှတ်စာအိတ်အတွင်းသို့  ထည့်သွင်းရသည်။ မဲဆန္ဒပြုပြီးကြောင်း   အပေါ်စာကို     ဖြည့်ပြီး ယင်းအပေါ်စာနှင့်အတူ  မဲလက်မှတ်စာအိတ်ကို အခြားစာအိတ်တစ်ခုအတွင်းသို့ထည့်ကာ ချိပ်ပိတ် ပြီးနောက်    ဖင်လန်နိုင်ငံအတွင်း   ၎င်းနေထိုင်ရာ မြူနီစီပယ်ရှိ ဗဟိုမြူနီစီပယ် ရွေးကောက်ပွဲဘုတ် အဖွဲ့ထံ ပြန်လည်ပေးပို့ရသည်။ စာတိုက်မှတစ်ဆင့် ပေးသည့် ဆန္ဒမဲများကို ရွေးကောက်ပွဲနေ့မတိုင်မီ သောကြာနေ့တွင်     ဖင်လန်နိုင်ငံသို့   ရောက်ရှိရန် မဲဆန္ဒရှင်က တာဝန်ယူဆောင်ရွက်ရသည်။

 


ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးခြင်း 


မဲရုံများကို  နံနက် ၉ နာရီမှ ည  ၈  နာရီအထိ ဖွင့်လှစ်သည်။ မြူနီစီပယ်တစ်ခုစီတွင် အနည်းဆုံး မဲရုံတစ်ရုံရှိပြီး ပျမ်းမျှအားဖြင့် မဲရုံ ၂၀၀၀ ခန့်ရှိသည်။ မဲဆန္ဒရှင်များသည် ၎င်းတို့အမည်ပါရှိရာ မဲရုံတွင်သာ မဲပေးရပြီး ယင်းမဲရုံအမည်မှာ ရွေးကောက်ပွဲမတိုင် မီ ၎င်းတို့ထံ ပေးပို့ထားသော မဲပေးကတ်တွင် ဖော်ပြပါရှိသည်။  မဲရုံတစ်ရုံလျှင် အဖွဲ့ဝင် ငါးဦးစီပါ သော    ရွေးကောက်ပွဲဘုတ်အဖွဲ့က    ကြီးကြပ်  ဆောင်ရွက်သည်။       မဲရုံသို့ရောက်သည့်အခါ သက်သေခံကတ်ပြား ပြသရပြီး   မဲဆန္ဒရှင်စာရင်း တွင်    ပါဝင်သူဟုတ်/မဟုတ်၊ ကြိုတင်မဲပေးထားခြင်း ရှိ/မရှိကို စစ်ဆေးပြီးနောက်တွင် မဲလက်မှတ်ထုတ် ပေးသည်။ မဲဆန္ဒရှင်များသည် မဲရုံအတွင်းရှိ ဆန္ဒပြု ခန်း (Polling Booth) သို့    သွားရောက်ကာ   မိမိ ဆန္ဒပြုလိုသော    ကိုယ်စားလှယ်လောင်း၏ နံပါတ် ကို     မဲလက်မှတ်ပေါ်တွင်    ရေးသားရသည်။  မဲ ဆန္ဒနယ်အမည်များနှင့် ၎င်းတို့အတွက် အမှတ်စဉ် များပါရှိသည့် ကိုယ်စားလှယ်လောင်းစာရင်းချုပ် (Master List of Candidates) ကို  မဲရုံအတွင်းရှိ ဆန္ဒပြုခန်း (Polling Booth)တွင် ကပ်ထားသကဲ့သို့ မဲရုံအတွင်း အခြားသော သင့်လျော်ရာနေရာတွင် လည်း ကပ်ထားသည်။ မဲပေးပြီးသည့်အခါ မိမိ ရေးသားထားသည့်  အမှတ်စဉ်ကို   မမြင်စေရန်    မဲလက်မှတ်ကိုခေါက်ပြီး ရွေးကောက်ပွဲဘုတ်အဖွဲ့ဝင်ထံတွင်    တံဆိပ်တုံး ရိုက်နှိပ်ပြီးနောက်    မဲရုံ အတွင်းရှိ  မဲပုံးအတွင်းသို့ ထည့်သွင်းရသည်။

 


မဲရလဒ်များစုစည်းရေတွက်ခြင်းနှင့် 
ထုတ်ပြန် ကြေညာခြင်း 


ရွေးကောက်ပွဲဆိုင်ရာကော်မတီသည်  ရွေး ကောက်ပွဲနေ့၌ ၁၅:၀၀ နာရီအချိန် (အထူးအခြေ အနေများ၌ နေ့လယ် ၁၂:၀၀ နာရီ)တွင်  စတင်ပြီး ကြိုတင်မဲများ၊ စာတိုက်မဲများကို  ရေတွက်သည်။ ဗဟိုမြူနီစီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့များထံမှ ပေးပို့လာသော ကြိုတင်မဲပါရှိသည့် စာအိတ်အညို များကို   ဖွင့်ဖောက်ရေတွက်ခြင်းဖြစ်သည်။ ည ၈:၀၀ နာရီ၌  မဲရုံမပိတ်မီ  ကြိုတင်မဲရလဒ်များ အဆင်သင့်ဖြစ်နေရန် ယင်းကဲ့သို့ရေတွက်ခြင်း ဖြစ်ပြီး  ယင်းအချိန်မတိုင်မီ   မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲကော်မတီများသည်      မည်သည့် ရေတွက်စစ်ဆေး​မှုကိုမျှ ပြုလုပ်ခွင့်မရှိပါ။
ရွေးကောက်ပွဲကျင်းပသည့်နေ့၏  ည ၈:၀၀ နာရီ၌ မဲရုံပိတ်ပြီးသည့်အခါ  မဲလက်မှတ်များကို ကနဦးအဆင့် စတင်ရေတွက်ပြီး ရွေးကောက်ပွဲ ဘုတ်အဖွဲ့က   ဗဟိုမြူနီစီပယ်    ရွေးကောက်ပွဲ ဘုတ်အဖွဲ့များထံ  သက်ဆိုင်ရာမဲဆန္ဒ နယ်အလိုက် ကိုယ်စားလှယ်လောင်းတစ်ဦးစီ  ရရှိသည့် မဲအရေ အတွက်များကို    အကြောင်းကြားရသည်။ ဗဟိုမြူနီ စီပယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့က အဆိုပါမဲရလဒ် များအား ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက် သော  ရွေးကောက်ပွဲဆိုင်ရာ  အချက် အလက်စနစ် (Election Information System) ရှိ တွက်ချက်မှု စနစ်အတွင်းထည့်သွင်းသည်။     ရွေးကောက်ပွဲ ဘုတ်အဖွဲ့က  မဲလက်မှတ်များကို ထုပ်ပိုးပြီး    မဲဆန္ဒ နယ်ဆိုင်ရာ    ရွေးကောက်ပွဲကော်မတီထံ  ချက်ချင်း ပို့ဆောင်ရသည်။  ကနဦး ရွေးကောက်ပွဲရလဒ်များကို  ရွေးကောက်ပွဲနေ့  ညတွင်  သိရှိနိုင်ပြီး မဲရုံပိတ် သည်နှင့်   တစ်ပြိုင်နက်   ကြိုတင်မဲရလဒ်များကို  ကြေညာသည်။

 


မဲဆန္ဒနယ်ဆိုင်ရာ    ရွေးကောက်ပွဲကော်မတီ သည်   မဲလက်မှတ်များအား  ရွေးကောက်ပွဲပြီး နောက်တစ်နေ့ (တနင်္လာနေ့) နံနက် ၉:၀၀ နာရီတွင် ပြန်လည်ရေတွက်ပြီး ဗုဒ္ဓဟူးနေ့ ညနေ ၁၈:၀၀ နာရီ မတိုင်မီ  အပြီးရေတွက်ရသည်။ ယင်းနေ့တွင်ပင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် နောက်ဆုံးမဲရလဒ် များကို  မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲကော် မတီက အတည်ပြုရပြီး ရွေးကောက်တင်မြှောက်ခံရ သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အသိအမှတ်ပြုလွှာများ ထုတ်ပေးသည်။

 


ရွေးကောက်ပွဲရလဒ်များအပေါ် D’Hondt စနစ် ဖြင့် တွက်ချက်ပြီး ကိုယ်စားလှယ်နေရာများအား သတ်မှတ်ရွေးချယ်သည်။ ပထမအဆင့်အနေဖြင့် နိုင်ငံရေးပါတီတစ်ခုချင်းစီ၊ နိုင်ငံရေးပါတီမဟာမိတ် တစ်ဖွဲ့စီ၊ ပူးပေါင်းစာရင်းတစ်ခုစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အသင်းအဖွဲ့များအလိုက်  အုပ်စု လေးမျိုး ခွဲပြီး ၎င်းတို့ရရှိသော  မဲများကို စုစည်းရေတွက်သည်။ ဒုတိယအဆင့်အနေဖြင့်         အုပ်စုတစ်ခုချင်းစီ၌ ရရှိသောဆန္ဒမဲအရေအတွက်အလိုက် အဆင့်များ သတ်မှတ်သည်။ တတိယအဆင့်အနေဖြင့် ၎င်းတို့ နှင့်သက်ဆိုင်သည့် အုပ်စုအလိုက်ရရှိသော မဲအရေ အတွက်အလိုက် မဲအများဆုံးရရှိသည့် ကိုယ်စား လှယ်လောင်းအမည်စာရင်း    အစီအစဉ်အတိုင်း ပထမနေရာရှိ ကိုယ်စားလှယ်လောင်းအား မဲအားလုံး ကိုလည်းကောင်း၊ ဒုတိယနေရာရှိ ကိုယ်စားလှယ် လောင်းအား     မဲအရေအတွက်    ထက်ဝက်ကို လည်းကောင်း၊ တတိယနေရာရှိ ကိုယ်စားလှယ် လောင်းအား   မဲအရေအတွက်    သုံးပုံတစ်ပုံကို လည်းကောင်း၊ စတုတ္ထနေရာရှိ   ကိုယ်စားလှယ် လောင်းအား    မဲအရေအတွက်     လေးပုံတစ်ပုံကို လည်းကောင်း စသည်ဖြင့်  ခွဲဝေပြီး  အဆင့်များ သတ်မှတ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် အုပ်စု လေးစုရှိကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှုအဆင့် အလိုက် သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် ကိုယ်စား လှယ်နေရာများရရှိမှုအရေအတွက်ကို  သတ်မှတ် သည်။

 


ကျင်းပပြီးစီးခဲ့သော လွှတ်တော်ရွေးကောက်ပွဲများ


၁၉၀၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လွှတ်တော် ရွေးကောက်ပွဲစုစုပေါင်း ၃၈ ကြိမ် ကျင်းပခဲ့သည်။ ၃၈ ကြိမ်မြောက်လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ ရက်တွင်  ကျင်းပခဲ့သည်။ မဲပေးခွင့်ရှိသူ     ၄၅၁၀၀၄၀  အနက်    မဲပေးသူ ၃၀၉၉၇၆၀  ရှိပြီး   မဲပေးမှု ၇၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။  ဖင်လန်လွှတ်တော်ရွေးကောက်ပွဲများ  ကျင်းပရာတွင် ပထမဆုံးအကြိမ်အဖြစ်  မည်သည့် နိုင်ငံရေးပါတီကမျှ စုစုပေါင်းဆန္ဒမဲများ၏ ၂၀ ရာခိုင် နှုန်းနှင့်အထက် မရရှိခဲ့ကြပေ။ The Social Demo- cratic Party ပါတီက စုစုပေါင်းဆန္ဒမဲ ၅၄၆၄၇၁ (၁၇ ဒသမ ၇ ရာခိုင်နှုန်း)၊ The Finns Party ပါတီက ၅၃၈၈၀၃  မဲ   (၁၇ ဒသမ ၅ ရာခိုင်နှုန်း)၊ The National Coaliation ပါတီက ၅၂၃၉၅၇ မဲ (၁၇ ရာခိုင်နှုန်း)၊ The Centre Party ပါတီက ၄၂၃၉၂၀ မဲ (၁၃ ဒသမ ၈ ရာခိုင်နှုန်း) စသည်ဖြင့်သာ အသီးသီး ရရှိခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် ယခင်က လွှတ်တော်​အတွင်းတွင် ကိုယ်စားလှယ်နေရာရရှိ ခဲ့ခြင်းမရှိသည့် နိုင်ငံရေးပါတီများအပေါ် ထောက်ခံ မဲပေးမှုမြင့်တက်ခဲ့ပြီး ယခင်ရွေးကောက်ပွဲများတွင် ၎င်းပါတီများအပေါ်  မဲပေးမှု၏  ၅ ရာခိုင်နှုန်းပိုမို မဲပေးခဲ့ခြင်း ဖြစ်သည်။

 


၂၀၂၃ ခုနှစ်တွင် လွှတ်တော်ရွေးကောက်ပွဲများကျင်းပမည်ဖြစ်ပြီး    ရွေးကောက်ပွဲများအတွက် လျာထားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-


သမ္မတရွေးကောက်ပွဲများ 


သမ္မတရွေးကောက်ပွဲများကို   ခြောက်နှစ် တစ်ကြိမ်ကျင်းပပြီး  သမ္မတအဖြစ်   တစ်ဆက် တစ်စပ်တည်း နှစ်ကြိမ်ရွေးချယ်ခွင့်ရှိသည်။  သမ္မတ ရွေးကောက်ပွဲကို ပုံမှန်အားဖြင့် အဆင့် နှစ်ဆင့်ဖြင့် ရွေးချယ်သည်။ ပထမအဆင့်၌ ၅၀ ရာခိုင်နှုန်းနှင့် အထက်ရရှိသော ကိုယ်စားလှယ်လောင်းမရှိပါက     ဒုတိယအဆင့်  ရွေးကောက်ပွဲကို    ကျင်းပသည်။    ပထမအဆင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ  နှစ်ဦးသာ    ဒုတိယအဆင့်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရသည်။ အသက် ၁၈ နှစ်ပြည့် ပြီးသည့် ဖင်လန်နိုင်ငံသားတိုင်း  သမ္မတရွေးကောက် ပွဲတွင်  မဲပေးခွင့်ရှိပြီး   နိုင်ငံပြင်ပရောက်     ဖင်လန် နိုင်ငံသားများလည်း မဲပေးခွင့်ရှိသည်။  နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ထားပြီးသည့်   နိုင်ငံရေးပါတီ များနှင့်   မဲဆန္ဒနယ်အသင်းအဖွဲ့များအဖြစ်  တည် ထောင်ထားသူများက  သမ္မတလောင်းအမည်စာရင်း များကို တင်သွင်းခွင့်ရှိသည်။  သမ္မတလောင်းသည်   ဖင်လန်နိုင်ငံသားစစ်စစ် ဖြစ်ရသည်။

 


မြူနီစီပယ်ရွေးကောက်ပွဲများ 


မြူနီစီပယ်ကောင်စီအဖွဲ့ဝင်များအား ရွေးချယ် သည့်  မြူနီစီပယ်ရွေးကောက်ပွဲများကို  လေးနှစ် တစ်ကြိမ်ကျင်းပပြီး မြူနီစီပယ်အဖွဲ့ဝင် (Municipal Councilors) အရေအတွက်မှာ မြူနီစီပယ်အတွင်းရှိ လူဦးရေအပေါ်မူတည်သည်။ အသက် ၁၈ နှစ်ပြည့် ပြီး ဖင်လန်နိုင်ငံအတွင်းရှိ မြူနီစီပယ် တစ်ခုခုတွင် နေထိုင်သည့်ဖင်လန်နိုင်ငံသားများ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ   နိုင်ငံသားများ၊  အိုက်စ်လန် နိုင်ငံနှင့်   နော်ဝေနိုင်ငံသားများ မဲပေးခွင့်ရှိသည်။ ထို့အပြင်  ဖင်လန်နိုင်ငံအတွင်းတွင်  တစ်ဆက် တစ်စပ်တည်း နှစ်နှစ်ကြာနေထိုင်သည့် အခြားနိုင်ငံ များမှ နိုင်ငံသားများလည်း မဲပေးခွင့်ရှိသည်။ နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထားပြီးသည့်  နိုင်ငံရေး ပါတီများနှင့်   မဲဆန္ဒနယ်အသင်းအဖွဲ့များအဖြစ် တည်ထောင်ထားသူများက ကိုယ်စားလှယ်လောင်း အမည်စာရင်းများအား     တင်သွင်းခွင့်ရှိသည်။  သက်ဆိုင်ရာမြူနီစီပယ်  ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ၊  သက်ဆိုင်ရာ  မြူနီစီပယ်အတွင်း နေထိုင်သူ၊  တစ်ပါးသူ၏   စောင့်ကြည့်အုပ်ချုပ်မှု အောက်မရှိသူများသာ   ကိုယ်စားလှယ်လောင်း များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။

 


ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများ ဖြေရှင်းခြင်း


သမ္မတရွေးကောက်ပွဲရလဒ်များအပေါ် အယူခံ တင်သွင်းခွင့်မရှိဘဲ အခြားသော ရွေးကောက်ပွဲများ အပေါ် အယူခံတင်သွင်းလိုပါက ရွေးကောက်ပွဲရလဒ် များကြေညာပြီးနောက် ၁၄ ရက်အတွင်း အုပ်ချုပ်မှု ဆိုင်ရာတရားရုံးတွင်   အယူခံတင်သွင်းနိုင်သည်။ တရားဥပဒေနှင့်မညီသော     ဆုံးဖြတ်ချက်များ အယူခံတင်သွင်းလိုပါက ယင်းဆုံးဖြတ်ချက်ကြောင့် အကျိုးစီးပွား သို့မဟုတ် အခွင့်အရေးထိခိုက်နစ်နာ သူ၊ ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေးပါတီတစ်ခု သို့မဟုတ်  ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ပူးပေါင်းစာရင်းတွင်ပါရှိသူများက လည်းကောင်း၊ ရွေးကောက်ပွဲအား မမှန်ကန်သောနည်းလမ်းဖြင့် ကျင်းပခဲ့သည်ဟု အယူခံတင်သွင်းလိုပါက မဲဆန္ဒ ရှင်   သို့မဟုတ်     မြူနီစီပယ်တစ်ခုခုအတွင်းတွင် နေထိုင်သူကလည်းကောင်း  အယူခံတင်သွင်းခွင့် ရှိသည်။

 


ရွေးကောက်ပွဲအာဏာပိုင်တစ်ရပ်ရပ်၏ ဆုံးဖြတ် ချက်သည်  ဥပဒေနှင့်မညီသည်ကို  လည်းကောင်း၊ ယင်းဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲရလဒ်အား သက်ရောက်မှုရှိသည်ကို လည်းကောင်း စစ်ဆေး တွေ့ရှိပါက ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်သည်။ ရွေးကောက်ပွဲရလဒ်များအား ပြင်ဆင်ရန်မဖြစ်နိုင် ပါက သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် သက်ဆိုင်ရာ ရွေးကောက်ပွဲအလိုက် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပသည်။   အုပ်ချုပ်ရေးဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အုပ်ချုပ်ရေး ဆိုင်ရာ တရားလွှတ်တော်ချုပ်ထံ အယူခံတင်သွင်း နိုင်သည်။
လွှတ်တော်ရွေးကောက်ပွဲများနှင့်   ဥရောပ သမဂ္ဂရွေးကောက်ပွဲများကို ပြန်လည်ကျင်းပခဲ့ရမှု မရှိသော်လည်း ၁၉၇၂ ခုနှစ်တွင် မြူနီစီပယ် တစ်ခု၊ ၁၉၈၀ ပြည့်နှစ်တွင် မြူနီစီပယ် တစ်ခုနှင့် ၂၀၀၈ ခုနှစ်တွင်   မြူနီစီပယ်  သုံးခု၌   ရွေးကောက်ပွဲများ ပြန်လည်ကျင်းပခဲ့သည်။

 


ရွေးကောက်ပွဲစီမံခန့်ခွဲမှု


ဖင်လန်နိုင်ငံတွင်  ဥပဒေရေးရာဝန်ကြီးဌာန သည် ရွေးကောက်ပွဲများအား စီမံခန့်ခွဲကျင်းပရာ တွင်  တာဝန်အရှိဆုံးနှင့်   အမြင့်ဆုံးဖြစ်သည်။    ဒေသန္တရရွေးကောက်ပွဲအာဏာပိုင်များတွင် မဲဆန္ဒ နယ်ဆိုင်ရာ ရွေးကောက်ပွဲကော်မတီ ၁၃ ခု၊ မြူနီ စီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ ၃၁၀၊ ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ၂၀၀၀ ခန့်၊   ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ၅၀၀ ခန့်နှင့် ကြိုတင်မဲပေးရုံများတွင် ခန့်ထားသည့် ရွေးကောက်ပွဲအရာရှိ ၁၀၀၀  ခန့် ပါရှိသည်။    ရွေးကောက်ပွဲအာဏာပိုင်များတွင် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် တာဝန်ရှိသည့် လူဦး ရေစာရင်းပြုစုရေးအေဂျင်စီ (Digital and Popu- lation Data Services Agency) လည်း   ပါဝင်ပြီး  နိုင်ငံပြင်ပကြိုတင်မဲပေးမှုကို    တာဝန်ယူရသည့် နိုင်ငံခြားရေးဝန်ကြီးဌာနလည်း ပါဝင်သည်။

 


ဖင်လန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ


ဖင်လန်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပြီး ဖင်လန် နိုင်ငံသည် အချိုးကျဒီမိုကရေစီစနစ်ကို ကျင့်သုံး သည့် နိုင်ငံဖြစ်သည်။ ဖင်လန်နိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို  ၁၉၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်က အတည်ပြုခဲ့ပြီး လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို  ၂၀၀၀   ပြည့်နှစ်   မတ်လ  ၁   ရက်တွင် ပြဋ္ဌာန်းခဲ့ကာ   ၂၀၁၂   ခုနှစ်   မတ်လ   ၁   ရက်တွင် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ 

 


ဖင်လန်နိုင်ငံ၏     ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေတစ်ခုတည်းမဟုတ်ဘဲ     ဖွဲ့စည်းပုံအခြေခံ ဥပဒေအဆင့် သတ်မှတ်ထားသည့် ဥပဒေလေးမျိုး ပေါင်းစည်းထားခြင်းဖြစ်သည်။ အရေးအပါဆုံးဥပဒေ မှာ    ၁၉၁၉  ခုနှစ်  ဖွဲ့စည်းပုံအခြေခံအက်ဥပဒေ (Constitution Act of 1919)ဖြစ်သည်။   ဒုတိယ မြောက်   အခြေခံအကျဆုံး   ဥပဒေမှာ     ၁၉၀၆ လွှတ်တော်အက်ဥပဒေကို     ပြင်ဆင်ထားသည့် ၁၉၂၈ ခုနှစ် လွှတ်တော်အက်ဥပဒေ (Parliament Act of 1928)  ဖြစ်သည်။   အခြားဥပဒေနှစ်ခုမှာ ဝန်ကြီးများ၏     တာဝန်ဝတ္တရားများအက်ဥပဒေ  ( Responsibility of Ministers Act) နှင့်   ဗဟို တရားရုံး၏စွပ်စွဲပြစ်တင်ခြင်းအက်ဥပဒေ  ( High Court of Impeachment Act) ဖြစ်သည်။ Aland ဒေသဆိုင်ရာ အခြားဥပဒေနှစ်ရပ်ရှိပြီး  ဖွဲ့စည်းပုံ အခြေခံဥပဒေအဆင့်သတ်မှတ်ထားကာ Act of 1951 နှင့် Law of 1975 တို့ဖြစ်သည်။

 


နိဂုံး


ဖင်လန်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၁၈ ခုနှစ် တွင်   လွတ်လပ်ရေးရရှိခဲ့ပြီး   ဒုတိယကမ္ဘာစစ် ပြီးနောက် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးမှု လျင်မြန်စွာတိုးတက်ခဲ့သည်။    ဖင်လန်နိုင်ငံသည် အချိုးကျကိုယ်စားပြုစနစ်(Proportional Repre- sentation-PR)ကို ကျင့်သုံးခြင်းဖြင့် ပါတီများအနေ ဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းကာ  တစ်ပါတီ ကြီးစိုးမှုမရှိဘဲ အစိုးရအဖွဲ့တွင် ပါတီအများစုပိုမို ပါဝင်လာသည်။ ဖင်လန်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုပြဋ္ဌာန်း ပြီးနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့်   ဗဟိုချုပ်ကိုင်မှု   လျှော့ချနိုင်ပြီး  လွှတ်တော်၏ အခန်းကဏ္ဍကို   ပိုမိုအားကောင်းလာစေသည်။ ဖင်လန်နိုင်ငံ၏ ရွေးကောက်ပွဲကျင်းပခြင်းလုပ်ငန်း စဉ်များကို  လေ့လာရာတွင် အခန်းကဏ္ဍအလိုက်  သက်ဆိုင်သောဝန်ကြီးဌာန/အဖွဲ့အစည်းများက တာဝန်ခွဲဝေ၍      ရွေးကောက်ပွဲအောင်မြင်စေရေး ဟန်ချက်ညီညီ ဆောင်ရွက်ကြသည်ကိုတွေ့ရသည်။ ဆန္ဒမဲရေတွက်ရာတွင်  လွှတ်တော်ကိုယ်စားလှယ် လောင်းတင်သွင်းသည့်  အမျိုးအစားလေးမျိုးဖြင့် သီးခြားစီရေတွက်၍ ရရှိသည့်ဆန္ဒမဲအရေအတွက် အပေါ်     အဆင့်လိုက်ခွဲ၍    သတ်မှတ်ခြင်းဖြင့် လွှတ်တော်အတွင်း ပါတီအားလုံး ပါဝင်လာနိုင်သည် ကို  တွေ့ရသည်။

 


ဖင်လန်နိုင်ငံတွင်  အချိုးကျကိုယ်စားပြုစနစ် ဖြင့်   ဒီမိုကရေစီနည်းကျ  ရွေးကောက်ပွဲများ ကျင်းပ ဆောင်ရွက်ခဲ့မှုများကို   သိရှိ လေ့လာသုံးသပ်နိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။      ။