ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(နော်ဝေနိုင်ငံ)

Type
1

 

နိုးနိုးမေ
 

နိဒါန်း


နော်ဝေနိုင်ငံသည် စကင်ဒီနေးဗီးယား (Scandi-navian)   ကျွန်းဆွယ်၏   အနောက်မြောက်ဘက် တွင် တည်ရှိပါသည်။ နော်ဝေနိုင်ငံသည် ဆွီဒင်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊   ရုရှားနိုင်ငံတို့နှင့်   နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ နော်ဝေနိုင်ငံသည် အာတိတ် စက်ဝိုင်းအတွင်း၌ တည်ရှိသည့်အတွက် နှစ်တစ်နှစ် ၏ မေလမှ ဇူလိုင်လအတွင်း ၆၉ ရက်သည် နေမဝင် သောကြောင့် ညဉ့်သန်းခေါင်ချိန်အထိ နေထွက်နေ သောမြို့ဟူ၍ တင်စားခေါ်ဝေါ်ကြပါသည်။ လူဦးရေ စုစုပေါင်း  ၅၄ သန်းကျော်ရှိပြီး   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၈ သန်းကျော်ရှိပါသည်။ ၃၈၅၁၇၉ စတုရန်း မိုင်ကျယ်ဝန်းပြီး ၉၄ ရာခိုင်နှုန်းမှာ   ကုန်းမြေဖြစ်ပါ သည်။   နော်ဝေနိုင်ငံသည်   ကမ္ဘာပေါ်တွင် တရား မျှတမှုရှိပြီး    ဖွံ့ဖြိုးမှုအမြင့်ဆုံး    ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရသော နိုင်ငံဖြစ်ပါ သည်။

 


အုပ်ချုပ်ရေး


နော်ဝေနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးပြီး    အုပ်ချုပ်ရေး အာဏာအား ဝန်ကြီးချုပ်ဦးဆောင်သည့် နိုင်ငံတော် ကောင်စီမှ   ကျင့်သုံးသည်။     နိုင်ငံတော်ကောင်စီ သက်တမ်းကုန်ဆုံး၍ တာဝန်အလွှဲအပြောင်းပြုလုပ် သည့်အခါ  ဘုရင်က   သဘာပတိအဖြစ်   တာဝန်ယူ‌ ဆောင်ရွက်ရသည်။    ဘုရင်သည်     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။       နိုင်ငံတော် ကောင်စီတွင် ဝန်ကြီးချုပ်နှင့် အနည်းဆုံးဝန်ကြီးခုနစ်ဦးတို့ပါဝင်သည်။ နိုင်ငံတော်ကောင်စီသည် ဘတ်ဂျက်အဆိုပြုလွှာများနှင့် အစိုးရငွေတောင်းခံ လွှာများကို  ပါလီမန် (Storting) သို့ အတည်ပြုရန် နှင့် အတည်ပြုထားသော ငွေတောင်းခံလွှာများကို ဥပ‌ဒေအရလက်မှတ်ရေးထိုးရန်    အဓိကတာဝန် ရှိသည်။   အဆင့်မြင့်ရာထူး     ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်း၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်းနှင့် နိုင်ငံတကာစာချုပ်များကို   အတည်ပြုခြင်းတို့ကို လည်း နိုင်ငံတော်ကောင်စီက   တာဝန်ယူဆောင်ရွက် ရသည်။

 


ဥပဒေပြုရေး


ဥပဒေပြုရေးတွင်   ပါလီမန်  (Storting)သည် နိုင်ငံတော်ဘတ်ဂျက်အတည်ပြုခြင်းနှင့်   ဥပဒေ ပြဋ္ဌာန်းခြင်းတို့ လုပ်ဆောင်သည်။    အုပ်ချုပ်ရေးအဖွဲ့ မှ တင်သွင်းလာသော အဆိုပြုလွှာများကို  အတည် ပြုရန်အတွက်     မဲခွဲဆုံးဖြတ်ဆောင်ရွက်သည်။ ပါလီမန်ကိုယ်စားလှယ်   ၁၆၉ ဦးရှိ၍    အချိုးကျ ကိုယ်စားပြုစနစ်ဖြင့်  ရွေးကောက်တင်မြှောက်ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။   ၂၀၀၉ ခုနှစ် မတိုင်မီက   ပါလီမန်ကို    Odelsting    (အောက် လွှတ်တော်)နှင့်  Lagting (အထက်လွှတ်‌တော်) တို့ဖြင့်   ဖွဲ့စည်းပါသည်။  အစိုးရသည်  Odelsting (အောက်လွှတ်တော်)နှင့်   Lagting    (အထက် လွှတ်‌တော်)ကို  ပူးပေါင်းပြီး   ပါလီမန်တစ်ခုတည်း ဖွဲ့စည်းရန်  နိုင်ငံတော်ကောင်စီသို့  အဆိုပြုခဲ့သော် လည်း  Lagting (အထက်လွှတ်တော်)ထံမှ ပူးပေါင်း ရန်အတွက်    သဘောတူညီမှု မရရှိခဲ့ပေ။    သို့သော် ၂၀၀၉  ခုနှစ်    အထွေထွေရွေးကောက်ပွဲအတွက် ၂၀၀၇  ခုနှစ် ဖေဖော်ဝါရီလတွင်  Lagting (အထက် လွှတ်တော်) ကို ဖျက်သိမ်းပြီး    ပါလီမန်တွင်သာ ပူးပေါင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို အတည်ပြုခဲ့သည်။ 

 


တရားစီရင်ရေး


နော်ဝေနိုင်ငံ၏ တရားစီရင်ရေးတွင်   သာမန် တရားရုံးများနှင့် အထူးတရားရုံးဟူ၍ တရားစီရင် ရေး (၂)ရပ်ရှိသည်။ ဥပမာအားဖြင့်-


(က)    ခရိုင်တရားရုံးများသည် အရပ်ဘက်နှင့် ရာဇဝတ်မှုအားလုံးကို   ကိုင်တွယ်သော သာမန်တရားရုံးများဖြစ်သည်။  ခရိုင် တရားရုံးများ၌သာ     အမှုအားလုံးကို စတင်စစ်ဆေးရမည် ဖြစ်သည်။
(ခ)     ခရိုင်တရားရုံးများမှ ဆုံးဖြတ်ချက်များ ကို  ကျေနပ်မှုမရှိပါက  အယူခံတရားရုံး များ (court of appeal) တွင်   အယူခံ လျှောက်ထားနိုင်သည်။ 
(ဂ)    တရားရုံးချုပ်သည်    အငြင်းပွားမှုများ အတွက် တရားဝင်စီရင်ပိုင်ခွင့်ရှိသော နောက်ဆုံးနေရာဖြစ်သည့်    အမြင့်ဆုံး တရားရုံးဖြစ်သည်။

 


ရွေးကောက်ပွဲစနစ်နှင့် ပါလီမန်ရွေးကောက်ပွဲ


နော်ဝေနိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် အချိုး ကျကိုယ်စားပြုစနစ် (Proportional Representa-tive System) ကို  ကျင့်သုံးပြီး  Party  List  System ဖြစ်သည်။ ပါလီမန်ကိုယ်စားလှယ် ၁၆၉ ဦး ရွေးချယ် ရာတွင် ကိုယ်စားလှယ် ၁၅၀ နေရာအတွက် အချိုး ကျကိုယ်စားပြုစနစ်ဖြင့်     မဲဆန္ဒနယ်ကိုယ်စားပြု အဖြစ် ရွေးချယ်ပြီး ကျန်ရှိသောကိုယ်စားလှယ် ၁၉ နေရာအတွက်    မဲဆန္ဒရှင်များ၏     တစ်ခဲနက် ထောက်ခံမှုကိုရရှိသော    ကိုယ်စားလှယ်များထဲမှ Members at Large ဖြင့် ‌ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။       ပါလီမန်ကိုယ်စားလှယ်    ရွေးချယ်ရန် အတွက် Sainte Lague Method အရ ကိုယ်စားလှယ် လောင်းများအား   အချိုးကျခွဲဝေသည့်   Party List System ကို    အသုံးပြုပါသည်။   နော်ဝေနိုင်ငံ၏ မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းကို ၂၀၁၈ ခုနှစ်အထိ ပိုင်းခြားသတ်မှတ်ထားသော   စီရင်စု   (County) အရေအတွက်အလိုက် စီရင်စု(County)တစ်ခုလျှင် မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ခဲ့ရာ ယခုအချိန် အထိ   အော်စလို  (Oslo)   မြို့အပါအဝင်  နိုင်ငံကို မဲဆန္ဒနယ်  ၁၉ နယ်  ပိုင်းခြားသတ်မှတ်ပါသည်။ နော်ဝေနိုင်ငံ၏  ရွေးကောက်ပွဲသည်   တစ်ဦးထက်ပို သော   လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခွင့် ရှိသောမဲဆန္ဒနယ် (Multi-member Constituen-cies) ဖြစ်ပြီး  ပါတီစာရင်းအရ အချိုးကျကိုယ်စားပြု စနစ် (Party-list Proportional Representation) ကို အသုံးပြုသည်။ စီရင်စု(County)တစ်ခုစီမှ ပါတီ တစ်ခုစီသည်     ကိုယ်စားလှယ်လောင်းစာရင်းကို တင်ပြပြီး     မဲဆန္ဒနယ်အလိုက်   ကိုယ်စားလှယ် လောင်းအရေအတွက်ကို မဲရလဒ်အပေါ် မူတည်၍ အချိုးကျခွဲဝေပေးခြင်းဖြစ်သည်။ မဲဆန္ဒနယ်တစ်ခုစီ မှ ကိုယ်စားလှယ်လောင်းအရေအတွက်သည် မဲဆန္ဒ နယ်မြေအကျယ်အဝန်းနှင့် လူဦးရေအပေါ်  မူတည် ပါသည်။   ကိုယ်စားလှယ်လောင်း   အရေအတွက် အများစုအနေဖြင့် ရွေးကောက်ခံနိုင်ရန် စုစုပေါင်း ဆန္ဒမဲ၏အနိမ့်ဆုံးခိုင်လုံမဲ (Threshold) ၄  ရာခိုင် နှုန်း ရရှိရမည်ဖြစ်သည်။

 


နော်ဝေနိုင်ငံ၏      ရွေးကောက်ပွဲအားလုံးကို လေးနှစ်တစ်ကြိမ် ကျင်းပသည်။   မြူနီစီပယ်နှင့် စီရင်စု(County)များအား ရွေးကောက်ပွဲကို တစ်ချိန် တည်း ကျင်းပပြီး ပါလီမန်(Storting)၏ ရွေးကောက် ပွဲသက်တမ်းတစ်ဝက်တွင်        ကျင်းပပါသည်။ ရွေးကောက်ပွဲနေ့ကို  ဘုရင်က  သတ်မှတ်ပြီး အများ အားဖြင့်  စက်တင်ဘာလ၏ပထမပတ်တွင် ကျင်းပ ပါသည်။

 


ဒေသန္တရရွေးကောက်ပွဲ (Local Election)


ဒေသန္တရရွေးကောက်ပွဲများတွင်    County  Election နှင့် Municipality Election ဟူ၍ ရှိသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နော်ဝေ နိုင်ငံ၌ ဒေသန္တရရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ မဲဆန္ဒရှင်များသည်   ပညာရေး၊   ကျန်းမာ‌ရေး၊   သယ်ယူပို့ဆောင်ရေး၊  သက်ကြီးရွယ်အိုစောင့်ရှောက် မှုနှင့် အခွန်စည်းကြပ်မှုများအတွက်  လုပ်ဆောင် နိုင်မည့်  မြူနီစီပယ်နှင့် စီရင်စု (County) ကောင်စီ များအတွက်    ကိုယ်စားလှယ်များကို   ရွေးချယ် တင်မြှောက်ခဲ့ကြသည်။‌   ၂၀၁၉ ခုနှစ်    ဒေသန္တရ ရွေးကောက်ပွဲများအတွက် မြူနီစီပယ်များအား ၄၂၉ ခုမှ ၃၅၆ ခုသို့လည်းကောင်း၊ စီရင်စု (County)များအား ၁၉ ခုမှ  ၁၁ ခုသို့လည်းကောင်း ပြန်လည် ဖွဲ့စည်းပြီး   ပထမဆုံးကျင်းပသည့်    ဒေသန္တရ ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။   

 


ဆန္ဒမဲပေးပိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များ


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ     (၅၀)အရ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးသော နော်ဝေနိုင်ငံသားတိုင်း ဆန္ဒမဲပေး ပိုင်ခွင့်ရှိပါသည်။ ၁၈၁၄ ခုနှစ်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၃ အရ ရာဇဝတ်မှုများအတွက် ဥပဒေ အရ ချမှတ်ထားသော သက်ဆိုင်ရာပြဋ္ဌာန်းချက်များ နှင့်အညီ   ထောင်ဒဏ်ကျခံနေရသူများ၊  အစိုးရ၏ ခွင့်ပြုချက်မပါဘဲ  နိုင်ငံခြားသို့ရောက်ရှိနေပြီး  နိုင်ငံ ခြားသားအဖြစ် ခံယူထားသူများ၊ ဆန္ဒမဲများဝယ်ခြင်း၊ ကိုယ်ပိုင်မဲရောင်းချခြင်း  သို့မဟုတ် မဲရုံတစ်ခုထက် ပို၍  မဲပေးခြင်းကြောင့်  အပြစ်ရှိကြောင်း ထင်ရှားသူ များကို ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများအဖြစ် သတ်မှတ် ခဲ့ပါသည်။  နောက်ဆုံးပြင်ဆင်ခဲ့သည့်  ၂၀၁၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာဇဝတ်မှုများ ကျူးလွန် သည့်အတွက်    ဥပဒေအရ       ချမှတ်ထားသော သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ    ထောင်ဒဏ် ကျခံနေရသူများ၊    အစိုးရ၏   ခွင့်ပြုချက်မပါဘဲ  နိုင်ငံခြားသို့ရောက်ရှိနေပြီး      နိုင်ငံခြားသားအဖြစ်   ခံယူထားသူများသာလျှင်       မဲပေးပိုင်ခွင့်မရှိကြောင်း    ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

 


မဲဆန္ဒရှင်စာရင်းပြုစုခြင်း


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည်  ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်   အသုံးပြုမည့်   သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းတွင်  ပါဝင်သူဖြစ်ရမည်ဖြစ်သည်။ မဲဆန္ဒရှင်များသည် မိမိသက်ဆိုင်ရာမဲဆန္ဒနယ်မြေ တစ်ခု၌သာ    စာရင်းပေးသွင်းရမည်   ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများကို   ရွေးကောက်ပွဲကျင်းပမည့် နှစ်၏ ဇွန်လ ၃၀ ရက်နေ့အတွင်း စာရင်းပြုစုပြီး မဲဆန္ဒရှင်သည် သတ်မှတ်ကာလနောက်ပိုင်းတွင် အခြားတစ်နေရာသို့‌    ပြောင်းရွှေ့သွားပါက   မိမိ ပြောင်းရွှေ့မည့်လိပ်စာကို    သက်ဆိုင်ရာ    လူဦးရေ စာရင်း မှတ်ပုံတင်ဌာနသို့   အသိပေးအကြောင်းကြား ၍  ရောက်ရှိရာဒေသတွင် ဆန္ဒမဲပေးနိုင်ရေး ဆောင် ရွက်နိုင်သည်။      သံတမန်ရေးရာအဖွဲ့ဝင်များ၊ ကောင်စစ်ဝန်ရုံးနှင့် ယင်းတို့၏ အိမ်ထောင်စုဝင်များ မှအပ    နော်ဝေနိုင်ငံပြင်ပတွင်    ၁၀ နှစ်နှင့်အထက် နေထိုင်သူဖြစ်ပါက ၎င်းနောက်ဆုံး မှတ်ပုံတင်ခဲ့သည့် နေရပ်တွင်သာ   မဲဆန္ဒရှင်စာရင်းတွင်   ထည့်သွင်း ပေးရန် လျှောက်ထားရမည်။ ရွေးကောက်ပွဲကော်မတီ မှ   ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ  မဲစာရင်း လာရောက်ကြည့်ရှုရန် ကြေညာပြီးချိန်တွင် မဲဆန္ဒ ရှင်ပြည်သူများမှ    မဲစာရင်းလာရောက်ကြည့်ရှုပြီး အမှားပြင်ဆင်ရန်နှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ မပါဝင်ပါက   အမည်စာရင်း   ထည့်သွင်းပေးနိုင်ရန် ရွေးကောက်ပွဲကော်မတီသို့ လျှောက်ထားနိုင်သည်။

 


သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မတီများအနေဖြင့် မဲစာရင်းတွင်ပါဝင်သော     မဲဆန္ဒရှင်များအားလုံး မဲဆန္ဒရှင်ကတ်ပြားရရှိစေရေး  ဆောင်ရွက်ပေးသည်။

 


ကိုယ်စားလှယ်လောင်းအရည်အချင်း
သတ်မှတ်ချက်များ


အသက်၁၈ နှစ်ပြည့်ပြီးဖြစ်သည့် နော်ဝေနိုင်ငံ သားတိုင်းသည် နော်ဝေနိုင်ငံ၏ ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။   ရွေးကောက်ပွဲဥပဒေအရ   ဝန်ကြီးများ၊ ပြည်နယ်အတွင်းရေးမှူးများနှင့် နိုင်ငံရေးအကြံပေး များမှလွဲ၍  ဝန်ကြီးဌာနများမှ  ဝန်ထမ်းများ၊ တရား ရုံးချုပ်မှ တရားသူကြီးများ၊ သံရုံးဝန်ထမ်းများနှင့် ကောင်စစ်ဝန်ရုံး   ဝန်ထမ်းများသည်   လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရှိကြောင်း  ပြဋ္ဌာန်းထားသည်ကို   တွေ့ရှိရပါ သည်။

 


လွှတ်တော်ကိုယ်စားလှယ်လောင်း     အမည် စာရင်းတင်သွင်းရာတွင် နိုင်ငံရေးပါတီများအနေဖြင့်  ကိုယ်စားလှယ်လောင်းသည်     သက်ဆိုင်ရာမဲဆန္ဒ နယ်အလိုက်   အမည်စာရင်း    တင်သွင်းနိုင်သည်။ အဆိုပြုလွှာများကို ရွေးကောက်ပွဲကျင်းပမည့်နှစ်၏ မတ်လ ၃၁ ရက်      နေ့လယ် ၁၂  နာရီထက် နောက်မကျစေဘဲ      တင်သွင်းရမည်ဖြစ်သည်။   မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့်      လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာ၌  မဲဆန္ဒနယ်တစ်ခုတွင်    ထောက်ခံ သူဦးရေ ၅၀၀ နှင့် အထက်သော်လည်းကောင်း၊   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ပါတီဝင် ၅၀၀၀ နှင့်  အထက်သော်လည်း‌ကောင်း  ရှိရမည်ဖြစ်သည်။

 


နိုင်ငံရေးပါတီများ


နိုင်ငံရေးပါတီများအနေဖြင့်   ပါတီတည်ထောင် လိုပါက   နိုင်ငံရေးပါတီများ     မှတ်ပုံတင်ခြင်းတွင် ထည့်သွင်းရန်  လျှောက်ထားရမည်။  ယင်းမှတ်ပုံတင် ကို Brnonoysund   မြို့ရှိ    Registry   Unit  က ထိန်းသိမ်းထားသည်။ ထိုသို့ မှတ်ပုံတင်ထားသော ပါတီများအားလုံးကို ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဟု သတ်မှတ်ထားခြင်းမဟုတ်သော် လည်း ပါလီမန်ရွေးကောက်ပွဲများတွင် မှတ်ပုံတင် ထားသော နိုင်ငံရေးပါတီများကိုသာ   ကိုယ်စားလှယ် လောင်းနေရာများ  ခွဲဝေ‌ပေးနိုင်သည်။  နိုင်ငံရေး ပါတီမှတ်ပုံတင်ရာတွင်    မှတ်ပုံတင်ထားပြီးသည့် အခြားနိုင်ငံရေးပါတီတစ်ခုနှင့် အရှုပ်အထွေး ဖြစ်စေ နိုင်သည့် အချက်အလက်များပါရှိပါက (ဥပမာ-ပါတီ ကိုယ်စားပြုတံဆိပ်တူနေခြင်း)    မှတ်ပုံတင်ခွင့်မရှိ ကြောင်း တွေ့ရှိရသည်။

 


ဆန္ဒမဲပေးခြင်း


မဲဆန္ဒရှင်ပြည်သူများသည်     ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်  မိမိတို့   စာရင်းပေးသွင်းထား သောနေရာတွင်သာ  ဆန္ဒမဲပေးနိုင်သည်။   မဲပေးချိန် သည် နံနက်   ၉ နာရီမှ   ည ၉ နာရီအထိသာ ဖြစ်သည်။ မဲရုံပိတ်သိမ်းချိန်ရောက်သော်လည်း မဲရုံပရဝဏ်အတွင်း  ရောက်နေသော  မဲဆန္ဒရှင် များကို ဆန္ဒမဲပေးခွင့်ပြုသည်။ မဲရုံပရဝဏ်အတွင်းရှိ မဲဆန္ဒရှင်များနှင့် ဆန္ဒမဲပေးရန် သွားရောက်ကြသော မဲဆန္ဒရှင်တစ်ဦးတစ်ယောက်ကိုမျှ     မဲဆွယ်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲကို အ‌နှောင့်အယှက်ဖြစ်စေ မည့် မည်သည့်လုပ်ရပ်ကိုမဆို မပြုလုပ်ရန် တားမြစ် ထားသည်။   မဲပေးခြင်းကို   အနှောင့်အယှက်ဖြစ် စေနိုင်မည့်    အကြောင်းတစ်စုံတစ်ရာ    ပြုလုပ်သူ မည်သူမဆို မဲရုံတွင်တာဝန်ရှိသူက ဖယ်ရှားတားမြစ် နိုင်သည်။ ဆန္ဒမဲပေးရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်-


၁။    မဲဆန္ဒရှင်သည် လျှို့ဝှက်ဆန္ဒပြုရမည်။
၂။    မဲဆန္ဒရှင်သည်  မိမိနှစ်သက်ရာပါတီ သို့မဟုတ် အဖွဲ့ကို မိမိဆန္ဒအရ ဆန္ဒမဲပေး နိုင်သည်။
၃။    မဲဆန္ဒရှင်သည်         ဆန္ဒပြုပြီးသော မဲလက်မှတ်စာရွက်ကိုခေါက်၍   တံဆိပ် ရိုက်နှိပ်ရန်   မဲရုံတာဝန်ရှိသူထံ   သွားရ မည်။
၄။    မဲဆန္ဒရှင်သည်  တံဆိပ်ရိုက်နှိပ်ပြီးသောဆန္ဒမဲလက်မှတ်ကို   မဲပုံးထဲသို့   ထည့်ရ မည်။
၅။    ဆန္ဒမဲပေးပြီးသူတိုင်းကို  မဲဆန္ဒရှင်စာရင်း ၌ မဲပေးပြီးကြောင်း အမှတ်အသားပြုလုပ် ထားရမည်။    မဲဆန္ဒရှင်များ    မဲပေးရန် လာရောက်ချိန်တွင် မဲရုံတာဝန်ရှိသူသည် မဲဆန္ဒရှင်    စာရင်းပေးသွင်းထားသော နယ်မြေမှန်ကန်မှု ရှိ မရှိနှင့် မဲပေးပြီး မပြီး ကို စစ်ဆေးရမည်။   မသန်စွမ်းမဲဆန္ဒရှင် များနှင့်   ဆန္ဒမဲပေးရာတွင်   အကူအညီ လိုအပ်သောမဲဆန္ဒရှင်များအနေဖြင့် မဲရုံ ကော်မတီထံ    အကူအညီတောင်းခံနိုင် သည်။  မဲရုံသို့  လာရောက်မဲ‌ပေးနိုင်ခြင်း မရှိသည့်       မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲအရာရှိနှစ်ဦးမှ  မဲပုံးအပါ အဝင် လိုအပ်သောပစ္စည်းကိရိယာများ ယူဆောင်ကာ  မဲဆန္ဒရှင်ထံသွားရောက်၍ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးမည်။


ကြိုတင်ဆန္ဒမဲပေးခြင်း


မဲဆန္ဒရှင်များသည်  ကြိုတင်ဆန္ဒမဲပေးလိုက ပေးနိုင်သည်။ Svalbard ကျွန်းစုနှင့် Jan Mayen ကျွန်းစုတို့အပါအဝင် ပြည်တွင်း၌  ကြိုတင်ဆန္ဒမဲပေး ခြင်းနှင့် ပြည်ပကြိုတင်ဆန္ဒမဲပေးခြင်း ကာလမှာ ရွေးကောက်ပွဲကျင်းပသည့်နှစ်၏ ဇူလိုင်လ ၁ ရက် နေ့မှ   ရွေးကောက်ပွဲမတိုင်မီ    သောကြာနေ့အထိ ဖြစ်သည်။ ကြိုတင်ဆန္ဒမဲပေးသော မဲဆန္ဒရှင်များ အနေဖြင့်   ဆန္ဒပြုပြီးသော    လက်မှတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့  ညနေ ၅ နာရီထက် နောက်မကျစေဘဲ  ရွေးကောက်ပွဲကော်မတီထံသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ မည်သည့်နေရာ၌ ကြိုတင်မဲပေးနိုင်သည်ကို   ရွေးကောက်ပွဲကော်မတီ က ဆုံးဖြတ်ပြီး     ပြည်တွင်းကြိုတင်ဆန္ဒမဲများကို မြူနီစီပယ်အဖွဲ့မှ လက်ခံရန်တာဝန်ရှိသည်။ ကြိုတင် မဲပေးခွင့်ရှိသောနေရာများမှာ        ပုံမှန်အားဖြင့် မြို့တော်ခန်းမနှင့်     ဝန်ဆောင်မှုရုံးတို့ဖြစ်သည်။ ပြည်ပတွင်ရှိသော      မဲဆန္ဒရှင်များသည်လည်း ‌ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်သည်။

 


မဲရေတွက်ခြင်း


ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်ပြီး၍    မဲရုံများ ပိတ်သိမ်းပြီးချိန်တွင်     မဲရေတွက်ခြင်းကို    စတင် ပါသည်။ ရွေးကောက်ပွဲကော်မတီသည်     ပါလီမန် ရွေးကောက်ပွဲနှင့် ဒေသန္တရအစိုးရရွေးကောက်ပွဲတို့တွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်း၊    ရေတွက်ထားသည့် ဆန္ဒမဲ လက်မှတ်များ စုစည်းခြင်းတို့ကို ဆောင်ရွက်ရသည်။ မဲစာရင်း၌       မဲဆန္ဒရှင်မည်မျှ    မဲပေးသည်နှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏     မဲအရေ အတွက်မည်မျှရှိသည်ကို   သိသာရန်   ကြိုတင်မဲနှင့် မဲရုံမဲဟူ၍   သီးခြားစီ    ခွဲခြားထားရှိသည်။  မဲရလဒ် ရေတွက်ခြင်းတွင်   ပဏာမရေတွက်ခြင်းနှင့်    အပြီး သတ်ရေတွက်ခြင်းဟူ၍   နှစ်မျိုးရှိသည်။    ပဏာမ ရေတွက်ခြင်း၏ ရည်ရွယ်ချက်သည်  အများပြည်သူ အား ပဏာမရလဒ်ကို အမြန်ဆုံးချပြနိုင်ရန်ဖြစ်သည်။ ဆန္ဒပြုပြီးသော  ကြိုတင်မဲများမှာ    မဲရုံမပိတ်မီ ၄ နာရီထက်နောက်မကျစေဘဲ ရောက်ရှိရမည်။

 


ပဏာမရေတွက်ခြင်းသည်       ပုံမှန်ဆန္ဒမဲ လက်မှတ်များကို   ရေတွက်သည်။ ပဏာမရေတွက် ခြင်းကို    ရွေးကောက်ပွဲနေ့   မဲရုံများပိတ်သိမ်းပြီး နောက်  စတင်ဆောင်ရွက်သည်။   ပဏာမရေတွက်ရာ တွင်   ဆန္ဒမဲလက်မှတ်များအား    ခိုင်လုံမဲအဖြစ် သတ်မှတ်ရန် သံသယရှိမည်ဆိုပါက ဘေးသို့ဖယ်ရှား ထားမည်ဖြစ်ပြီး     ယင်းဆန္ဒမဲလက်မှတ်များအား အပြီးသတ်မဲရေတွက်ခြင်းအဆင့်တွင်   ပြန်လည် ရေတွက်မည်ဖြစ်သည်။    ပဏာမရေတွက်ခြင်းပြီး နောက်   သံသယရှိသည့်   ဆန္ဒမဲလက်မှတ်များကို အတည်ပြု ဆုံးဖြတ်ရန်  အပြီးသတ်မဲရေတွက်ခြင်းကို ရွေးကောက်ပွဲကော်မတီမှ     တာဝန်ယူဆောင်ရွက် သည်။ 

 


ကိုယ်စားလှယ်လောင်းနေရာခွဲဝေပေးခြင်း


နော်ဝေနိုင်ငံတွင်    လွှတ်တော်ရွေးကောက်ပွဲကို PR စနစ်ကျင့်သုံးပြီး    လွှတ်တော်ကိုယ်စားလှယ် နေရာခွဲဝေရာတွင်    Sainte   Lague  Method ကို အသုံးပြုသည်။ Sainte   Lague   Method သည် တစ်ဦးချင်းစီ၏     မဲရလဒ်များအား  ၁၊ ၃၊ ၅၊ ၇၊ ၉ စသည်တို့ဖြင့်စား၍   စားလဒ်ကို  ကြီးစဉ်ငယ်လိုက် ခွဲဝေသောနည်းလမ်းဖြစ်သည်။     သို့သော်လည်း နော်ဝေနိုင်ငံတွင်    အသုံးပြုသော   Sainte Lague Method သည်  တစ်ဦးချင်းစီ၏  မဲရလဒ်များအား ၁ ဒသမ ၄ ဖြင့် ပထမဆုံး စတင်စား၍ စားလဒ်ကို ကြီးစဉ်ငယ်လိုက်   ခွဲဝေပေးခြင်းဖြစ်သည်။ အဆိုပါ စနစ်ဖြင့်    ကိုယ်စားလှယ်များအား    ရွေးချယ် တင်မြှောက်ရာတွင်     ပါတီမှအနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် (Threshold)အဖြစ် ၄ ရာခိုင် နှုန်း သတ်မှတ်ထားပါသည်။

 


ကျင်းပပြီးစီးခဲ့သော ‌ရွေးကောက်ပွဲများ


၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် နော်ဝေနိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲကို  ကျင်းပခဲ့ သည်။  မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်းကျော်ရှိပြီး ၇၇ ရာခိုင်နှုန်းကျော်    ဆန္ဒမဲပေးခဲ့သည်။     အဆိုပါ ရွေးကောက်ပွဲတွင် Labour Party(AP) နှင့် Centre  Party(SP) မှ ကိုယ်စားလှယ်အရေအတွက် အများ ဆုံးရရှိခဲ့ပြီး    ဝန်ကြီးချုပ်    Ema   Solberg ၏ Conservative Party (H)သည်   ကိုယ်စားလှယ် အရေအတွက် ဒုတိယအများဆုံးရရှိခဲ့သည်။ Labour Party  မှ Jonas Gahr Store  သည် Centre party နှင့် Socialist Left Party(SV) တို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပြီးနောက် Jonas Gahr Store သည်    ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ Sainte Lague သည် Party-list Proportional Representation ကို        အသုံးပြုကျင်းပသော ရွေးကောက်ပွဲများတွင်  ပါလီမန်၌   ကိုယ်စားလှယ် နေရာ ခွဲဝေသော နည်းလမ်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော    နော်ဝေပါလီမန် ရွေးကောက်ပွဲမှ  ရရှိခဲ့သောမဲရလဒ်ကို    ပုံပါအတိုင်း တွေ့ရှိရပါသည်-
ရွေးကောက်ပွဲညွှန်ကြားမှုဦးစီးဌာန
နော်ဝေနိုင်ငံတွင် ရွေးကောက်ပွဲစီမံခန့်ခွဲသည့် အဖွဲ့အစည်းမှာ ရွေးကောက်ပွဲညွှန်ကြားမှုဦးစီးဌာန ဖြစ်ပြီး ၂၀၁၆  ခုနှစ်  ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ယင်းရုံးတွင် လက်ရှိဝန်ထမ်း ၃၁ ဦးရှိပြီး Tonsberg မြို့တွင် အခြေစိုက်သည်။ နော်ဝေ နိုင်ငံ၏  ရွေးကောက်ပွဲညွှန်ကြားမှုဦးစီးဌာနသည်  ဒေသန္တရ အစိုးရနှင့်‌    ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ အေဂျင်စီတစ်ခုဖြစ်ပြီး    ရွေးကောက် ပွဲများ  ကျင်းပရေးလုပ်ငန်းစဉ်များအတွက်   တာဝန် ရှိသည်သာမက    ရွေးကောက်ပွဲကျင်းပခြင်းအပေါ် လူထုယုံကြည်မှုကို  ထိန်းသိမ်းခြင်းဖြင့်  ကောင်းမွန် သောဒီမိုကရေစီစနစ်ကို   ပံ့ပိုးကူညီရန်   တာဝန်ရှိ သည်။ နော်ဝေနိုင်ငံ ရွေးကောက်ပွဲညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်အတွက် ရည်မှန်းချက် ၃ ရပ်မှာ-


၁။    အများပြည်သူယုံကြည်၍    မှန်ကန်ပြီး လုံခြုံသော    ရွေးကောက်ပွဲလုပ်ငန်းစဉ် ဖြစ်စေရန်၊
၂။     ရွေးကောက်ပွဲနှင့်  စပ်လျဉ်း၍  မဲဆန္ဒရှင် များ  လိုအပ်သော  အချက်အလက်များ   ရရှိနိုင်စေရန်၊
၃။    ရွေးကောက်ပွဲကာလအတွင်း   အကောင်း ဆုံးလုပ်ဆောင်ရန်၊
ရွေးကောက်ပွဲညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်း တာဝန်များမှာ ပါလီမန်ရွေးကောက်ပွဲများ၊    မြူနီ စီပယ်‌ရွေးကောက်ပွဲများနှင့်    စီရင်စု(County) ရွေးကောက်ပွဲများ  ကျင်းပရန်၊    စီရင်စု(County) ကော်မတီ၊ မြူနီစီပယ်ကော်မတီတို့ကို ကြီးကြပ်ရန်၊ မြူနီစီပယ်နှင့် စီရင်စု(County) အာဏာပိုင်များအား စည်းမျဉ်း၊  နည်းစနစ်၊   လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အကြံပေးရန်နှင့် မဲပေးနိုင်မည့်အချိန်၊ နေရာ၊ မည်ကဲ့သို့ မဲပေးနိုင်သည်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်ပေးပို့ရန်တို့ဖြစ်သည်။ 

 


နိုင်ငံတော်အဆင့်ရွေးကောက်ပွဲကော်မတီအား ပါလီမန်ရွေးကောက်ပွဲမကျင်းပမီ ဘုရင်က ခန့်အပ် ပြီး   ယင်းကော်မတီမှ    လွှတ်တော်ကိုယ်စားလှယ် နေရာကို Sainte Lague Method အရ   ခွဲဝေပေး သည်။   နိုင်ငံတော်အဆင့်    ရွေးကောက်ပွဲကော်မတီ တွင် အလှည့်ကျအဖွဲ့ဝင် အနည်းဆုံးငါးဦး ခန့်အပ် ရမည်ဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကို ဘုရင်က
ခန့်အပ်၍      ယင်းကော်မတီသည်      ပါလီမန် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုသည်။ ပါလီမန် ရွေးကောက်ပွဲနှင့် စီရင်စု  (County) ရွေးကောက်ပွဲ များ  ကျင်းပရန်အလို့ငှာ      စီရင်စု(County) ရွေးကောက်ပွဲကော်မတီကို         စီရင်စု(County) ကောင်စီမှ   ရွေးချယ်တင်မြှောက်သည်။  စီရင်စု (County) ရွေးကောက်ပွဲကော်မတီသည်  စီရင်စု (County) ရွေးကောက်ပွဲများကို   ပြင်ဆင်ခြင်း၊ ကျင်းပခြင်း၊    ပါလီမန်နှင့်     စီရင်စု(County) ရွေးကောက်ပွဲများအတွက် ပါတီမှအဆိုပြုတင်သွင်း သော အမည်စာရင်းများကို  စိစစ်ဆောင်ရွက်ခြင်း၊ မဲရေတွက်ခြင်းနှင့်     ကိုယ်စားလှယ်နေရာခွဲဝေ ပေးခြင်းတို့     ဆောင်ရွက်သည်။    မြူနီစီပယ် ရွေးကောက်ပွဲကော်မတီကို  မြူနီစီပယ်ကောင်စီမှ ရွေးချယ်တင်မြှောက်သည်။

 


ဖွဲ့စည်းပုံအခြေခံဥပဒေ


နော်ဝေနိုင်ငံ၏    ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၈၁၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင်    အတည်ပြုခဲ့ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက်ရှေးအကျဆုံး ပြဋ္ဌာန်း ထားသော      ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ယင်းနေ့ကိုလည်း နော်ဝေနိုင်ငံ၏      ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့အဖြစ်  သတ်မှတ်ခဲ့သည်။ အခြေခံမူများ မှာ ပြည်သူလူထု၏  အချုပ်အခြာအာဏာ၊ အာဏာ ခွဲဝေမှု၊ လူ့အခွင့်အရေးတို့ ဖြစ်ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်    ဥပဒေပြုရေး၊   အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော မဏ္ဍိုင် ၃ ရပ် ဖြင့် ဖွဲ့စည်း ထားသည်။ ၁၈၁၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၁၀  ရှိခဲ့သော်လည်း  ၂၀၁၈ ခုနှစ်တွင် ပုဒ်မ ၁၂၁ ခုအထိ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

 


နိဂုံး


နော်ဝေနိုင်ငံသည်    စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော်လည်း   ကမ္ဘာပေါ်တွင်     ဒီမိုကရေစီ နည်းလမ်းအကျဆုံး  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး    အစိုးရ အနေနှင့်လည်း ဒီမိုကရက်တစ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ခဲ့သည်ကို  တွေ့ရှိရပါသည်။ နော်ဝေနိုင်ငံ သည် စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန် ဒီမိုကရေစီ စနစ် ပူးတွဲကျင့်သုံးသော်လည်း  ဥပဒေပြုလွှတ်တော် များကို   စည်းမျဉ်းခံဘုရင်က ၎င်း၏  သဘောဖြင့် ဖျက်သိမ်းခွင့်မရှိဘဲ      ပါတီခေါင်းဆောင်များ၊ လွှတ်တော်အကြီးအကဲများကသာ    ဖျက်သိမ်းခွင့် ရှိကြောင်း လေ့လာတွေ့ရှိရသည့်အတွက် စည်းမျဉ်းခံ ဘုရင်၊   အစိုးရအဖွဲ့နှင့်  လွှတ်တော်အကြား အပြန် အလှန်ထိန်းကျောင်းမှု          အားကောင်းလာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်          ဆက်လက် လျှောက်လှမ်းလျက်ရှိကြောင်း    ရေးသားတင်ပြ အပ်ပါသည်။     ။

ကျမ်းကိုး    
-    Constitution of Norway
-    https://en.wikipedia.org/wiki/Norwe-gian Directorate of Elections
-    https://en.wikipedia.org/wiki/2019 
    Norwegian local elections
-    https://en.wikipedia.org/wiki/2021 
    Norwegian parliamentary election
-    Political system of Norway
-    https://www.statista.com/statistics/ 691609/voter-turnout-of-national-
    parliamentary-    elections-in-norway/
-    https://en.wikipedia.org/wiki/Politics of Norway#Legislative_branch
-    Election act of Norway
-    General information about norway-Helena.pdf
-    https://www.electionguide.org/
    elections/id/3630/          
-    https://en.wikipedia.org/wiki/Storting
-    The main features of the Norwegian electoral system 
-    http://archive.ipu.org/parline-e/
    reports/2239 arc.htm
-    https://en.wikipedia.org/wiki/ 2021 Norwegian parliamentary election# 
    Electoral system
-    https://www.royalcourt.no/seksjon.html?tid=29977
-    https://docplayer.net/20824221-Legisla tive-council-secretariat-fact-sheet-
    political- system-of-norway.html