
နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့ အစည်းများအတွင်း ရောက်ရှိနေ သူများအား ဥပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း သို့ဝင်ရောက်လာသူများကို လိုအပ် သည့် ကူညီပံ့ပိုးမှုများ ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် လက်နက် / ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီး ဖြစ်ရာ ယနေ့ မွန်းလွဲပိုင်းတွင် လည်း ပြစ်မှုကျူးလွန်ခြင်း မရှိ သော PDF အဖွဲ့မှ အလင်း ဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကား ပြောကြားပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ သော မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့ နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဝန်ခံ ကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများ အား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်း ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူ များ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်း များနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်