ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်တစ်ဦးအား ၎င်း၏မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်   ဇွန်  ၁၇


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း  သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်    ဥပဒေဘောင် အတွင်း    ဝင်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မှ PDF အဖွဲ့ဝင်တစ်ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ  လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌  ကျင်းပရာ မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊   ဥပဒေဘောင် အတွင်း    ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက် ရောက်ကြသည်။

 


ဦးစွာ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်     တရားဥပဒေဆိုင်ရာ ပုဒ်မများကို    ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်းဝင်ရောက်ခဲ့သည့်  ပြစ်မှုကျူးလွန်ခြင်း    မရှိခဲ့သော ပုသိမ်မြို့မှ PDF အဖွဲ့ဝင် အမျိုး သမီး     တစ်ဦးကို    ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်း၏ မိဘအုပ်ထိန်းသူများ    ထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း       ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ    ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ    ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော     PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌      ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက    ၎င်းတို့၏ မိဘအုပ်ထိန်းသူများ     ထံသို့ လွှဲပြောင်း      အပ်နှံပေးလျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်