ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော် စက်တင်ဘာ  ၁၇


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း  သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်     ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို  ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့  လွှဲပြောင်းပေးအပ် လျက်ရှိသည်။

 


ယနေ့  နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်    (တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ  နယ်မြေခံ တပ်ရင်းခန်းမနှင့်   မကွေးတိုင်း ဒေသကြီး    ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌    ပြန် လည်ကြိုဆိုလက်ခံခြင်း အခမ်း အနားများကို       ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး   အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့်   ၎င်းတို့၏မိဘ အုပ်ထိန်းသူများ  တက်ရောက်ကြ သည်။ 

 


ဦးစွာ     တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ ထို့နောက်  ဥပဒေ ဘောင်အတွင်း     ပြန်လည်ဝင် ရောက်ခဲ့သည့်   ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော   ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသမီး တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းမှ PDF အဖွဲ့ ဝင် အမျိုးသား လေးဦးနှင့် မကွေး တိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား နှစ်ဦးတို့ကို ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ထောက်ပံ့ပစ္စည်း များ ပေးအပ်ပြီး ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း      ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ    ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက   ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ  ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော    PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့်  သက်ဆိုင်ရာတာဝန် ရှိသူများက   ၎င်းတို့၏   မိဘ အုပ်ထိန်းသူများထံသို့  လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း  သိရ သည်။                      

သတင်းစဉ်