
နေပြည်တော် စက်တင်ဘာ ၁၅
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်း များ တက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာ သော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် နယ်မြေခံတပ်နယ်မှ တာဝန် ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
လွှဲပြောင်းအပ်နှံ
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော ကလေးမြို့နယ် အတွင်းမှ PDF အဖွဲ့ဝင် အမျိုး သမီး လေးဦးကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
ကြိုဆိုလက်ခံသွားမည်
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ ပြန်လည်ဝင်ရောက်ခြင်းပြု မည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရ က ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး၌ ဥပဒေ ဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်