
နေပြည်တော် စက်တင်ဘာ ၂၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက် ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည် ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ တပ်ကုန်း တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော တပ်ကုန်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးကို ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ် ပြီး ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးသည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေ ဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင် များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ က ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်