ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်    ဧပြီ     ၂၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့   နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး  ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF   အဖွဲ့ဝင်များအား   ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏   မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်လျက်ရှိပြီး   ယနေ့   မွန်းလွဲပိုင်းတွင်လည်း   အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ ၌   ပြန်လည်ကြိုဆိုလက်ခံခြင်း   အခမ်းအနားကို ပြုလုပ်ရာ  စစ်ကိုင်းတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမြတ်ကျော်၊    တိုင်းမှူး   ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ၊  ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့်   ၎င်းတို့၏   မိဘအုပ်ထိန်းသူများ  တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ က  နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊  တရား  ဥပဒေဆိုင်ရာ   ပုဒ်မများနှင့် အသိပညာပေးဆိုင်ရာ တို့နှင့်ပတ်သက်၍   အမှာစကားများ   အသီးသီး ပြောကြားသည်။ ထို့နောက်   ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ ကသာမြို့နယ်နှင့်   ရွှေဘိုမြို့နယ်တို့မှ  KIA/PDF အဖွဲ့ဝင် အမျိုးသား   ခုနစ်ဦး၊   အမျိုးသမီး   တစ်ဦး စုစုပေါင်း  ရှစ်ဦးတို့ကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က ထောက်ပံ့ငွေများ၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက်   ဥပဒေဘောင်အတွင်း   ပြန်လည် ဝင်ရောက်ခဲ့သူများကိုယ်စားမိဘအုပ်ထိန်းသူ တစ်ဦး က    ကျေးဇူးတင်စကား    ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သူများကို အသိအမှတ်ပြုကတ်ပြားများ ပေးအပ်ကာ    ဝန်ခံကတိ    လက်မှတ်ရေးထိုးစေပြီး  ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏   ရှေ့လုပ်ငန်းစဉ်များတွင်   ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး    သတ်မှတ်စည်းကမ်း  ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့  ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက    ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌   ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက   ၎င်းတို့၏   မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။               
သတင်းစဉ်