ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း ပေးအပ်

 

နေပြည်တော်  ဇူလိုင်  ၉


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း  သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်   ဥပဒေဘောင် အတွင်း     ဝင်ရောက်လာသော ကချင်ပြည်နယ်      မိုးကောင်း မြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်း၏  မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မိုးကောင်း မြို့နယ်ရှိ  နယ်မြေခံတပ်ရင်းခန်းမ ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်      မိုးကောင်းတပ်နယ် တပ်နယ်မှူး       ဗိုလ်မှူးကြီး ခွန်အောင်သွင်နှင့်       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များ၊            ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့ ၏   မိဘအုပ်ထိန်းသူများ   တက် ရောက်ကြသည်။

 


  မိဘအုပ်ထိန်းသူများထံအပ်နှံ


ဦးစွာ         တပ်နယ်မှူးနှင့် တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာ          ပုဒ်မများကို ရှင်းလင်းဆွေးနွေး     ပြောကြား သည်။  ထို့နောက်  ဥပဒေဘောင် အတွင်း         ဝင်ရောက်ခဲ့သည့် မိုးကောင်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား နှစ်ဦးကို  ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး     ၎င်းတို့ ၏    မိဘအုပ်ထိန်းသူများထံသို့   လွှဲပြောင်းအပ်နှံပေးကြသည်။

 


ဥပဒေဘောင်အတွင်းဝင်ရောက်


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း      ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း  ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း      နိုင်ငံတော် အစိုးရက  ထုတ်ပြန်ထားပြီးဖြစ် ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF  အဖွဲ့ဝင်များက  တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း   ပြန်လည် ဝင်ရောက်လျက်      ရှိကြသဖြင့် သက်ဆိုင်ရာ           တာဝန်ရှိသူ များက  ၎င်းတို့၏  မိဘအုပ်ထိန်း သူများထံသို့   လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း   သတင်းရရှိ သည်။                      

သတင်းစဉ်