
နေပြည်တော် ဩဂုတ် ၂၃
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်း မရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော မွန် ပြည်နယ် မော်လမြိုင်မြို့ ဒိုင်းဝန် ကွင်းရပ်ကွက်မှ PDF အဖွဲ့ဝင် တစ်ဦး ၎င်း၏ မိဘအုပ်ထိန်းသူ များထံသို့ ထပ်မံလွှဲပြောင်းပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လှိုင်းဘွဲ တပ်နယ်ခန်းမ၌ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူ များ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရပ်ကွက်မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးကို ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်း၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝ သို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်