
နေပြည်တော် နိုဝင်ဘာ ၁၆
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာနမှ အရာထမ်းများကို ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချပေး ခဲ့သည်။
ယခုအခါ အခြားသော ပြည်ထောင်စုဝန်ကြီးဌာန များအတွက် ဥပဒေမူကြမ်းရေးဆွဲခြင်းဆိုင်ရာ အခြေခံသင်တန်းကို ဖွင့်လှစ်၍ သင်တန်းတက် ရောက်ပြီးသော အရာထမ်းများမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ဆင့်ပွား သင်တန်း များ ဆက်လက်ဖွင့်လှစ် ပို့ချနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဌာနဆိုင်ရာများ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာစိတ်ဝင်စားသူများအတွက် ဥပဒေ အသိပညာပြန့်ပွားစေရန်နှင့် ဥပဒေမူကြမ်းများရေး ဆွဲနိုင်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန် (Legislative Drafting Guidance) စာအုပ်ကို ပြုစုထုတ်ဝေ ပြီးဖြစ်ကြောင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်