
လွိုင်ကော် ဇွန် ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ကယား ပြည်နယ်ဥပဒေချုပ်ရုံးမှ ကျင်းပသည့် ဥပဒေ အသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာ ဗဟုသုတတိုးပွားစေရန် ၊ မိမိတို့၏ လုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်တတ်သည့် နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ အသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှု ဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည် တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ် ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့က အားထား ရသည့် ဌာနအဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေအသိ ပညာ ပြန့်ပွားရေးသင်တန်းအတွက် ထောက်ပံ့ငွေ များပေးအပ်ရာ ပြည်နယ်ဥပဒေအရာရှိက လက်ခံ ယူပြီး ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်ဥပဒေ အရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဥပဒေရေးရာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း Video Clip ကို ပြသခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိက ဥပဒေရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေသည့် စီးပွားရေးစာချုပ် စာတမ်းများနှင့် သက်ဆိုင်သော ညွှန်ကြားချက် စာအုပ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေး မှူးတို့ထံ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး ခင်းကျင်းပြသထားသည့် ဥပဒေရေးရာ အသိပညာ ပေးစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများ သိသင့်သော ဥပဒေ ၁၃ မျိုးနှင့် သင်တန်းသား သင်တန်းသူ ၅၀ ကို နှစ်ရက်တာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လွိုင်ကော်မြို့နယ်အတွင်း သာသနာ့ ဗိမာန်တော်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်)တို့၌ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ် မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဌာနဆိုင်ရာရုံးများ ယာယီဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများယာယီနေရာ ချထားပေးသည့် အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။ ပြည်နယ်(ပြန်/ဆက်)