ဥပဒေအရာရှိများသည် မိမိတို့တာဝန်ထမ်းဆောင်ရာအဆင့်အလိုက် မှန်ကန်မြန်ဆန်စွာ အကြံပေးစေလို

 

စစ်တွေ    ဇန်နဝါရီ   ၁


ရခိုင်ပြည်နယ်   ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေ အရာရှိများ၏   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က     ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း   တက်ရောက် အမှာစကား ပြောကြားသည်။

 


ညှိနှိုင်း   အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက မြန်မာနိုင်ငံ သည်   အင်္ဂလိပ်ကိုလိုနီ   လက် အောက်   ကျရောက်ပြီးနောက် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို စီမံအုပ်ချုပ်ရေးအတွက် အုပ်ချုပ် ရေးဌာန၊ တရားစီရင်ရေးကဏ္ဍများ ကို ကနဦးဖွဲ့စည်းထူထောင်ခဲ့သည် ဟုသိရှိရပါကြောင်း၊ အုပ်ချုပ်ရေး အရာရှိများကို    တရားစီရင်ရေး အာဏာကိုပါ ပူးတွဲပေးအပ်ခဲ့ပြီး ကြီးလေးသည့်အမှုများမှာ အစိုးရ  ကိုယ်စားလိုက်ပါရန် အစိုးရရှေ့နေ များကိုလည်း   တာဝန်ပေးအပ် ခဲ့သည်ဟု        သိရှိရကြောင်း၊ ထိုအစိုးရရှေ့နေဆိုသည်မှာ ယခု ဥပဒေအရာရှိဆိုသူများ၏ သမိုင်း အစဖြစ်သည့်အတွက်    ဥပဒေ အရာရှိများ၏   နောက်ခံသမိုင်း သည်    အလွန်ရှည်လျားခဲ့ပြီဖြစ် ကြောင်း၊      ဥပဒေအရာရှိများ အားလုံးသည် ဥပဒေဘွဲ့ရများကို သာ   ခန့်ထားသည့်    ပညာရှင် အရာရှိလည်းဖြစ်ကြောင်း၊ ဥပဒေ အရာရှိ၏ လုပ်ငန်းတာဝန်များကို ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်ကို တွေ့ရှိနိုင်ပါကြောင်း၊   ထို့အပြင် ဥပဒေအရာရှိများသည်    နိုင်ငံ့ ဝန်ထမ်းဥပဒေများကို   လိုက်နာ ကြရသကဲ့သို့       ဥပဒေအရာရှိ ကျင့်ဝတ်၊ ဥပဒေနှင့် အသက်မွေး ဝမ်းကျောင်းပြုသူများ၏ ကျင့်ဝတ် ကိုလည်း လိုက်နာကြရသူများဖြစ် ကြောင်း၊ ထိုကဲ့သို့ ဥပဒေကျင့်ဝတ် စည်းမျဉ်းများနှင့်အညီ ကျင့်သားရ နေသော ဥပဒေအရာရှိများအပေါ် နိုင်ငံတော်က အထူးအလေးထား သကဲ့သို့  မိမိတို့ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း   ဖြောင့်မှန် သော တရားစီရင်ရေးတွင် (Check and   Balance)  လုပ်နိုင်စေရန် အလေးထား အားကိုးနေသည်ကို ပြောကြားလိုကြောင်း၊   ဥပဒေ ပညာရှင်၊ ဥပဒေအရာရှိများသည် မိမိတို့    တာဝန်ထမ်းဆောင်ရာ အဆင့်အလိုက်         မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့များက ဥပဒေအကြံဉာဏ် တောင်းခံသော     ကိစ္စများတွင် မှန်ကန်မြန်ဆန်စွာ အကြံပေးစေ လိုကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ  ပြစ်ဒဏ်ကျခံစေ ရန်   အမှုလိုက်ပါ     ဆောင်ရွက် ရာတွင်        အဂတိတရား (၄)ပါး   ကင်းရှင်းစွာနှင့်  ဆောင်ရွက်ပြီး နိုင်ငံ့အကျိုး၊     ပြည်နယ်အကျိုး ကို            ဆောင်ရွက်သယ်ပိုး သော    ဥပဒေအရာရှိကောင်းများ ဖြစ်ကြပါစေကြောင်း  ပြောကြား သည်။

 


ဆက်လက်၍    အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်ချုပ်   ထင်လတ်ဦးက  အမှာ စကားပြောကြားပြီး     ပြည်နယ် ဝန်ကြီးချုပ်နှင့်     တိုင်းမှူးတို့အား ပြည်နယ်ဥပဒေအရာရှိ    ဦးဝင်း မောင်က       ဥပဒေစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။ 


ထို့နောက် ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေ အရာရှိများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို      ဆက်လက်ကျင်းပ သည်။         
တင်ထွန်း(ပြန်/ဆက်)