
နေပြည်တော် အောက်တိုဘာ ၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် အကဲဖြတ် ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရား မျိုးနိုင်နှင့် တေးသံရှင် ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေး ဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာ မြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများ အဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု(ဂ) ပွဲစဉ်(၆)ကို အောက်တိုဘာ ၇ ရက် (သောကြာနေ့)ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ် ရာ ရခိုင်ပြည်နယ်မှ လင်းလင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ထူးခန့်၊ ကယားပြည်နယ်မှ မေသူ၊ နေပြည်တော်မှ ကျော်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးမှ ကြည်ဖြူခင်၊ ချင်းပြည်နယ်မှ ဖြိုးမင်းပိုင်၊ ကရင်ပြည်နယ်မှ ချိုသဲဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှင်းပွင့် ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက် အောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏ စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆို ယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်