“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၃ )ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


စိန်ရတု         ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်   “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု (၃) ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၃၁ ရက် (သောကြာနေ့)  ညတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ    တိုက်ရိုက်     Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။  

 


အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ        ဖြစ်ကြသည့် တနင်္သာရီတိုင်း          ဒေသကြီးမှ နော်အေးသစ္စာထူး၊ ဧရာဝတီတိုင်း ဒေသကြီးမှ      ချိုမီမီဇော်၊    မွန် ပြည်နယ်မှ     မောင်သက်၊      ရခိုင် ပြည်နယ်မှ    ဖြူလှ၊    ပဲခူးတိုင်း ဒေသကြီးမှ  မင်းသားလေး၊  ရှမ်း ပြည်နယ်မှ    မေဖြူခင်၊     ကချင် ပြည်နယ်မှ အရိန့်၊ ချင်းပြည်နယ် မှ နန်းဆွေနှင့် ကယားပြည်နယ် မှ   နန္ဒာလင်း  တို့က   ယှဉ်ပြိုင်  သီဆိုကြမည်ဖြစ်ပြီး       မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေးဂီတမှ တီးခတ်ပေးမည်ဖြစ် ကာ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၂ ရက် (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင်       နေပြည် တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့်    စုစုပေါင်း  ၄၅    ဦးတို့က   အဖွဲ့    ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်         လည်း ကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့            ပြည်သာယာရှိ မြဝတီမီဒီယာ       စင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် အထိ    အပတ်စဉ်   သောကြာနေ့ ညတိုင်း     သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်