
ရန်ကုန် အောက်တိုဘာ ၆
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် တူယှဉ် နွှဲပျော် ဂီတပွဲတော် Season-2 သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ စတင်၍ ပထမအဆင့် အုပ်စုပွဲစဉ်များကို သီဆိုယှဉ်ပြိုင် လာခဲ့ရာ နိုဝင်ဘာ ၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
အဆိုပါ ပထမအဆင့် ပွဲစဉ်မှ ရွေးထုတ်ပေးလိုက်သည့် ပြိုင်ပွဲဝင် ၁၀ ဦးသည် ဒုတိယအဆင့် ပွဲစဉ် များကို နိုဝင်ဘာ ၁၁ ရက်မှစတင်၍ သီဆို ယှဉ်ပြိုင်ကြရမည်ဖြစ်ရာ ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့ စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် ပြုလုပ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တာဝန် ရှိသူများက ဆက်လက်ကျင်းပ မည့် ဒုတိယအဆင့် ပြိုင်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု များ၊ ပြိုင်ပွဲရလဒ်များကို ဆုံးဖြတ် ရာတွင် ဒိုင်အဖွဲ့ဝင်များ၏ အကဲ ဖြတ်အမှတ်ပေးမှုနှင့် ကြည့်ရှုသူ ပရိသတ်များ၏ SMS Voting များအပေါ် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပြိုင်ပွဲဝင်များ လိုက်နာဆောင်ရွက်ရမည့် အချက် များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
တူယှဉ်နွဲပျော် ဂီတပွဲတော် Season-2 ဒုတိယအဆင့် ပွဲစဉ် များကို နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အပတ်စဉ် သောကြာနေ့ညတိုင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယ အဆင့်သို့ ရွေးချယ်ခံရသည့် ပြိုင်ပွဲ ဝင် ၁၀ ဦးက ပြိုင်ပွဲအတွက် ပြဋ္ဌာန်း တေးသီချင်းများနှင့် စိတ်ကြိုက် တေးသီချင်းများကို ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ ၃၀ ရက်တွင် Grand Final ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတို့ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်