“တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲအုပ်စု(၁) ဒုတိယပွဲစဉ်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်  ဒီဇင်ဘာ  ၁


စိန်ရတု  ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအား ဖြင့်“တူယှဉ် နွှဲပျော်  ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၁)  ဒုတိယပွဲစဉ်ကို  ဒီဇင်ဘာ ၃  ရက်  (သောကြာနေ့)  ညတွင်           မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားမှ  တိုက်ရိုက်  Live  ရိုက်ကူး ထုတ်လွှင့်မည်။  

 


အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ              ဖြစ်ကြသည့် အိဟေမာန်၊  စောထက်နေယံ၊ သုတ၊ ငြိမ်းချမ်းအောင်၊ ဈာန်ထူး၊ ဝင်းဝင်းထွေး၊ မေသဲစု၊     ဖွေးစုထွေးနှင့်   ဇော်ထွေးလတ်တို့ က     ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး   မြန်မာ့အသံ နှင့်     ရုပ်မြင်သံကြား   ခေတ်ပေါ်တေးဂီတမှ    တီးခတ်ပေးမည်ဖြစ်ကာ   ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ   ၅    ရက်   (တနင်္ဂနွေနေ့)၊  နံနက်  ၁၀   နာရီခွဲတွင်     ထပ်မံထုတ်လွှင့်        ပြသမည် ဖြစ်သည်။ 

 


“တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ တွင် နေပြည်တော်၊  ပြည်နယ်နှင့်   တိုင်းဒေသကြီး တို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမ သုံးဦးစီ ဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ (၅)ဖွဲ့ခွဲ၍ အုပ်စု ပွဲစဉ် ၁၀   ပွဲကို   ရန်ကုန်မြို့     ပြည်လမ်းရှိ  မြန်မာ့အသံနှင့်     ရုပ်မြင်သံကြားတွင်လည်း ကောင်း၊ နောက်ဆုံးပွဲစဉ် နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်း ကောင်း    နိုဝင်ဘာ ၂၆ ရက်မှ   ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာ နေ့ ညတိုင်း  သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။       
                           

သတင်းစဉ်