
အန်ကာရာ ဇူလိုင် ၁၃
တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်နှင့် အစ္စရေးသမ္မတ အီဆက်ဟာဇော့တို့ ဇူလိုင် ၁၂ ရက် ဖုန်းဖြင့် ဆက်သွယ်ကာ ဆွေးနွေးခဲ့ကြသည်ဟု တူရကီ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးက ပြောသည်။
ရှေးဦးစွာ တူရကီသမ္မတက အီဆက်ဟာဇော့ကို အစ္စရေးသမ္မတအဖြစ် ကျမ်းသစ္စာဆိုပွဲအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍအသီးသီးတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများအတွက် အလားအလာကောင်းလာကြောင်း အထူးသဖြင့် စွမ်းအင်၊ ခရီးသွားနှင့် နည်းပညာပိုင်းတို့တွင် ဖြစ်သည်ဟု တူရကီ သမ္မတအာဒိုဂန်က ပြောသည်။
ကုလသမဂ္ဂမူဘောင်အတွင်းမှနေ၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ရေရှည်တည်မြဲသည့်အဖြေရှာမှုအတွက်လည်း အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းက မျှော်လင့်လျက်ရှိသည်ဟု အာဒိုဂန်က ဆက်ပြောသည်။
ဆင်ဟွာ