တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၁၀ ရှိ

အန်ကာရာ  ဒီဇင်ဘာ  ၂၀


တူရကီနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ     ၁၆၉၁၀     ထပ်မံ တွေ့ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း   ၉၁၇၁၁၁၉ ဦး ရှိလာကြောင်း   တူရကီနိုင်ငံ  ကျန်းမာရေးဝန်ကြီး ဌာနက ယနေ့တွင် ပြောကြားသည်။


တူရကီနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ   ၁၇၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့်     အဆိုပါရောဂါဖြင့် သေဆုံးသူစုစုပေါင်း  ၈၀၄၁၅ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ   ဆင်းခွင့်ရရှိသူ  ၂၂၈၅၈ ဦး ရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်     တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ   စုစုပေါင်း
 ၅၇ သန်း နီးပါးရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၅၁ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၂၄ ဒသမ ၀၅ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


 ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်