တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်အကြိမ်ထိုးနှံမှုခံယူပြီးသူ ၅၅ ဒသမ ၈၁ သန်းကျော်ရှိ

အန်ကာရာ   နိုဝင်ဘာ   ၁၄


တူရကီနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူပေါင်း ၅၅ ဒသမ ၈၁ သန်း ကျော်ရှိကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် အတည်ပြုပြောကြားသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း  အရေးပေါ်အသုံးပြုရန်     တူရကီကျန်းမာရေး အာဏာပိုင်များက   အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူပေါင်း ၄၉ ဒသမ ၅၉ သန်းကျော်ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၈ ဒသမ ၃ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်း သိရ သည်။


တူရကီနိုင်ငံသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်ခြင်းနှင့်ရင်ဆိုင်နေရပြီး   လွန်ခဲ့ သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၂၅၈၃ ဦးရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်း၌ ကူးစက်ခံရသူပေါင်း ၈၃၈၆၅၄၂  ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက      ပြောကြား သည်။
ထို့ပြင်   တူရကီနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၅  ဦး ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူပေါင်း ၇၃၃၄၂ ဦးရှိလာကြောင်းနှင့်  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၅၂၅၄ ဦးရှိကြောင်း သိရသည်။    

         ကိုကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်