ထွန်းကျော်ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အိန္ဒိယနိုင်ငံ အနှံ့ တတိယအကျော့အသွင် ကူးစက် ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ အိန္ဒိယ အစိုးရဟာ ကူးစက်ခံစားလွယ်သူတွေကို အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်သလို အသက် ၁၅ နှစ်နဲ့ ၁၈ နှစ် ကြား ကလေးတွေကိုလည်း ကာကွယ် ဆေးလွှမ်းခြုံထိုးပေးနိုင်ဖို့ လုပ်ဆောင် နေပြီဖြစ်ပါတယ်။
ဦးစားပေးအုပ်စုတွေ အပိုဆောင်း ကာကွယ်ဆေးထိုးရမယ်
ဦးစားပေး အုပ်စုတွေဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေသူတွေ၊ တခြား ရောဂါတစ်ခုခုခံစားနေရတဲ့ အသက် ၆၀ ကျော် အရွယ်တွေဟာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးတွေကို ထိုးရ တော့မှာ ဖြစ်ပါတယ်။
ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာမှာကို စိုးရိမ် ထိတ်လန့်နေတဲ့ကြားက အိန္ဒိယနိုင်ငံ ဟာ ဒီလအစောပိုင်းမှာ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကလေးတွေကို ဘာရတ်ဘိုင်အိုတက်ချ်ကိုဗက်ဆင်လို့ခေါ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ ပါတယ်။ အဲဒီဆေးဟာ ကလေးတွေမှာ အသုံးပြုဖို့ မကြာသေးမီကမှ အတည် ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဝန်ထမ်းပြတ်လပ်မှုတွေ မြင့်တက်
လတ်တလောမှာ အိန္ဒိယနိုင်ငံရဲ့ ဆေးရုံတွေမှာ ဝန်ထမ်းပြတ်လပ်မှုတွေ ဖြစ်နေပြီး မကြာသေးမီက မြင့်တက် လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အပံ့ ပစ္စည်းများလည်း ပြတ်လပ်နေပါတယ်။ ဆရာဝန်တွေနဲ့ ဆေးအကူတွေဟာလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ် ပွားမှုကြောင့် ဖျားနာနေတယ်လို့ မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တချို့ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေရဲ့ ဝန်ဆောင်မှု တွေဟာ ချို့ယွင်းမှုတွေ ဖြစ်နေပါ တယ်။
တချို့ဆေးရုံတွေဟာ သူတို့ရဲ့ နေ့စဉ်လည်ပတ်မှုတွေကို ရပ်ဆိုင်းထား ရပါတယ်။ တချို့ကလည်း ကွာရန်တင်း စည်းမျဉ်းတွေကို ဖြေလျှော့ပေးခဲ့ပါ တယ်။
ဆေးရုံတွေမှာ လူနာတွေ
ပြည့်ကျပ်နေမှာကို စိုးရိမ်
ဆရာဝန်တိုင်းနီးပါး ကိုဗစ်-၁၉ ရောဂါလက္ခဏာ အပျော့စားကူးစက် ဖြစ်ပွားနေပါတယ်။ ဝန်ထမ်းပြတ်လပ်မှု တွေလည်း ဆိုးရွားစွာဖြစ်ပေါ်နေပါ တယ်လို့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးအစိုးရ ဆေးရုံတစ်ရုံဖြစ်တဲ့ နယူးဒေလီ ဆက်ဖ်ဒါဂျန်ဆေးရုံက ဒေါက်တာ အနူး အဂ္ဂဝေါက ပြောပါတယ်။
နိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံတွေမှာ နောက်တစ်ခါထပ်ပြီး လူနာတွေနဲ့ ပြည့်ကျပ်နေမယ့် အခြေအနေကို စိုးရိမ် ကြောင်း ကျွမ်းကျင်သူတွေကတော့ သုံးသပ်ပြောကြားထားပါတယ်။ ကိုဗစ်-၁၉ ဒုတိယ အကျော့တုန်းက အိန္ဒိယ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးရုံတွေမှာ မနိုင်ဝန်တွေထမ်းခဲ့ရပြီး အောက်ဆီ ဂျင် ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါ တယ်။
ဝတ်ပြုဆုတောင်းသူတွေကြား ကိုဗစ်-၁၉ ကူးစက်သွားမလား
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတဲ့ကြားက လွန်ခဲ့တဲ့ သီတင်းပတ်က ဟိန္ဒူဝတ်ပြုဆုတောင်း သူတွေဟာ အနောက်ဘင်္ဂလားနဲ့ ဥတရာ ပရာဒေ့ရှ်တစ်လျှောက် ဂင်္ဂါမြစ်ကမ်း ပေါ်မှာ စုရုံးခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ ပါတယ်။ ဒါကတော့ မက်ကာဆန် ကရန်သီပွဲတော်ဖြစ်ပါတယ်။
ဒီလိုလုပ်ခဲ့တာကြောင့် ဝတ်ပြု ဆုတောင်းသူတွေကြား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတော့မလားဆိုပြီး စိုးရိမ် မှုတွေလည်း မြင့်တက်လာခဲ့ပါ တယ်။
ဒေသတွင်းရွေးကောက်ပွဲ
အားပြိုင်မှုတွေလည်းရှိ
ဘာသာရေးပွဲတော်တွေတင် မက ပါဘူး။ လာမယ့် ဒေသရွေးကောက်ပွဲ အတွက် အားပြိုင်မှုတွေလည်း ရှိနေပါ သေးတယ်။ ဒီအခြေအနေတွေဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမယ့် အန္တရာယ်ကို လက်ယပ်ခေါ်နေသလို ပါပဲ။ ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲဝင်သူတွေကို လူကိုယ်တိုင် အပြင်ထွက် မဲဆွယ်မှုတွေနဲ့ လမ်းပေါ် ထွက်ဖျော်ဖြေမှုတွေ ဇန်နဝါရီ ၂၂ ရက် အထိ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒေလီ၊ ဥတရာပရာဒေ့ရှ်၊ ပန်ဂျပ်၊ တမီးလ်နာဒူ၊ အနောက်ဘင်္ဂလားနဲ့ ကာနာတာကာတို့မှာရှိတဲ့ အာဏာပိုင် တွေဟာ ညမထွက်ရအမိန့်၊ လူစုလူဝေး လျှော့ချခြင်း၊ စျေးဝယ်ကုန်တိုက်တွေ ပိတ်ခြင်းနဲ့ အပန်းဖြေအနားယူနေရာ တွေ ပိတ်ခြင်းကဲ့သို့သော ကိုဗစ်-၁၉ တားမြစ်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ရည်မှန်းချက်ကို ရောက်ဖို့ လိုအပ်ချက်တွေရှိနေ
တရားဝင်ကိန်းဂဏန်း ဖော်ပြချက် တွေအရ ဇန်နဝါရီ ၁၈ ရက်အထိ အိန္ဒိယ တစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၁ ဒသမ ၅၈ ဘီလီယံကျော်ရှိ လာပြီလို့သိရပါတယ်။
အိန္ဒိယအစိုးရဟာ ၂၀၂၁ ခုနှစ်ကုန်မှာ အသက် ၁၈ နှစ် အထက်ပိုင်းတွေ အကုန် လုံး ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝထိုးပေးဖို့ ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပါတယ်။ သို့သော် လည်း အဲဒီရည်မှန်းချက်ကိုရောက်ဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
ပြည်နယ်အတော်များများမှာ ဖြစ်ပွားနေတဲ့ အိုမီခရွန်
အိန္ဒိယနိုင်ငံမှာ အခုရက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ၂၀၀၀၀၀ အထက်ရှိပါတယ်။ အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက် လာတဲ့ အဓိကတရားခံကတော့ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အတော်များများကို ကူးစက် ပျံ့နှံ့လျက်ရှိပါတယ်။
သို့သော်လည်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ် အမြောက်အမြားကူးစက် ဖြစ်ပွားမှုထက် လျော့နည်းနေပါသေး တယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချိန်ဆရမယ်
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အိန္ဒိယနိုင်ငံအနေဖြင့် နောက်ထပ် ကိုဗစ်-၁၉ အကျော့ကို ရင်ဆိုင် ကျော်လွှားတိုက်ခိုက်တဲ့နေရာမှာ သတိ မပြတ်ထားရမှာဖြစ်သလို တစ်ဖက်က လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချိန်ဆရမယ်လို့ သတိပေးခဲ့ပါတယ်။
ဒါဟာ ကိုရိုနာကိုအသုံးချပြီး ပြန် လည်တည်ဆောက်ရမယ့် အချိန်အခါ ဖြစ်သလို အခုဆိုရင် အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ တတိယအကျော့ရိုက်ခတ်မှုနဲ့ ကြုံတွေ့နေပြီလို့လည်း မိုဒီက ပြောပါ တယ်။ အိန္ဒိယနိုင်ငံဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေတာ ကြောင့် အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တွေလုပ်ဖို့ အကောင်းဆုံး အချိန်ပဲလို့ မိုဒီက ဖိတ်ခေါ်ခဲ့ပါတယ်။ ။
ကိုးကား - ဆင်ဟွာ