
နေပြည်တော် ဩဂုတ် ၁၉
ရုရှားနိုင်ငံ မော်စကိုမြို့၌ ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိ ကျင်းပလျက်ရှိသည့် တတိယ အကြိမ်မြောက် International Fire and Rescue Congress အခမ်းအနားသို့ ရုရှားနိုင်ငံ ရုရှားပြည်သူ့ကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား ဖယ်ရှားရေးဝန်ကြီးဌာန (Ministry of the Russian Federation for Civil Defense, Emergencies and Elimination of Consequences of Natural Disasters- EMERCON of Russia) ၏ ဖိတ်ကြားမှုအရ ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်သည်။
တတိယအကြိမ်မြောက် International Fire and Rescue Congress အခမ်းအနား၏ ပဉ္စမမြောက်နေ့ Panel Discussion Session တွင် နိုင်ငံတကာမီးသတ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အရာရှိကြီးများနှင့်အတူ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မြန်မာနိုင်ငံတွင် မီးသတ်ဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မီးဘေးလုံခြုံရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအနေဖြင့် ခေတ်မီ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ် ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုကို လေ့လာသိရှိနိုင် ရန်၊ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ် ရေးဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံ ကောင်းများဖလှယ်နိုင်ရန်၊ နိုင်ငံတကာမီးသတ် တပ်ဖွဲ့ဝင်များအကြား နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာအတွေ့အကြုံကောင်းများ ရရှိ နိုင်ရန် အဆိုပါအခမ်းအနားသို့ တက်ရောက် ရခြင်းဖြစ်ကြောင်း သိရသည်။
အောင်နိုင်ဝင်း