တတိယအကြိမ် ကိုရီးယားစီးပွားရေးမော်ဒယ်ပြိုင်ပွဲ

 

နေပြည်တော်    ဇွန်   ၂၄


ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား Startups အစပျိုး စီးပွား ရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခွင့်အလမ်းများထောက်ပံ့ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက်ဖြန့်ကြက်ခြင်းစသည့်  ရည်ရွယ်ချက်များဖြင့် (The 3rd Korea-Business Model Competition for SDGs 2022) ကို စက်တင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ပြီး  မြန်မာနိုင်ငံမှ    ပြိုင်ပွဲဝင်ရောက်လိုသူများကိုလည်း  ဖိတ်ခေါ်ထားကြောင်း ကုန်သည်/စက်မှုအသင်းချုပ်မှ သိရသည်။

 


 ကိုရီးယားနိုင်ငံ၌ရှိသည့် စီးပွားရေးကဏ္ဍများ ဖြန့်ကြက်ရာတွင် အာဆီယံနိုင်ငံများက တွန်းအားပေးရန်၊  ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင် များအား  အခွင့်အလမ်းများရရှိအောင်   ချိတ်ဆက်ပေးနိုင်ရန်နှင့် ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ Sustainable Development Goals (SDGs) Sectors များ  ကျယ်ပြန့်လာစေရန်လည်း ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

 


Green and Digital Economy ကူးပြောင်းရေး၊   ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စီးပွားရေးတိုးတက်ရေးကို ရည်ရွယ်သည့် ပြိုင်ပွဲ တစ်ခုဖြစ်သည့်အတွက် ပြိုင်ပွဲဝင်ရောက်လိုသူများသည် ဇွန် ၃၀ ရက် အထိ http:/ linktr.ee/rokasean.bmc2022 ၌ ဝင်ရောက်လေ့လာ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆင့်ဆင့်ရွေးချယ်မှုများကို ဇူလိုင်လအတွင်းနှင့် အပြီးသတ်ရွေးချယ်ခြင်းကို  စက်တင်ဘာ ၇ ရက် တွင် ပြုလုပ်သွားမည်ဖြစ်၍ ပထမဆု အမေရိကန်ဒေါ်လာ ၅၀၀၀၊ ဒုတိယဆု ဒေါ်လာ ၃၀၀၀၊ တတိယဆု ဒေါ်လာ ၁၀၀၀၊ အထူးဆုနှစ်ဆု ဒေါ်လာ ၂၀၀၀၊ ဒေါ်လာ ၁၀၀၀  စသည်ဖြင့် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။                                                        

သီရိ