တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း တတိယနေ့ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်  ၂၀


တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုး  ခွဲစိတ်ကုသမှု တတိယနေ့ကို        ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ   အမှတ်(၁)တပ်မတော်ဆေးရုံကြီး   (ခုတင် ၁၀၀၀)   အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။


အဆိုပါ   အသည်းအစားထိုး ခွဲစိတ်ကုသမှုတွင် လူနာ ဦးမျိုးမြင့်ဦး နှင့်  တူဖြစ်သူ အသည်းအလှူရှင် မောင်အောင်ခန့်ကျော်         တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး    ထိုသို့ ဆောင်ရွက်ရာတွင်    အသည်း အလှူရှင်   လူနာထံမှ   အသည်း ထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲ တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို   ညနေ ၄ နာရီခွဲခန့် တွင်  အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင် ရွက်ခဲ့ကာ    စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်   ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်        လူနာနှင့်    အသည်းလက်ခံ    လူနာများ၏    ခွဲစိတ်ပြီးနောက်ပိုင်း   ကျန်းမာရေး အခြေအနေမှာ  ကောင်းမွန်လျက် ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော   ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြု/ ကျွမ်းကျင်သူ များက   ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။


ယခုကဲ့သို့  အသည်းအစားထိုး ခွဲစိတ်ကုသမှုကို   တပ်မတော် ဆေးရုံကြီးများမှ   တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။ 

   
သတင်းစဉ်