တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ရောက်

 

နေပြည်တော်   ဇူလိုင်   ၂


မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၇) ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးသို့ တက်ရောက် ရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး   H.E. Mr. Wang  Yi  ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် အထူးလေယာဉ်ဖြင့် ညောင်ဦး လေဆိပ်သို့   ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေး တိုင်းဒေသကြီး    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာ   တာဝန်ရှိသူတို့က     လေဆိပ်၌      ကြိုဆိုခဲ့ကြသည်။

 


နိုင်ငံခြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်သည် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ (၇)ကြိမ်မြောက် မဲခေါင် - လန်ချန်း       ပူးပေါင်း ဆောင်ရွက်မှု   နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်