တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိ

 

နေပြည်တော်   မေ   ၂၈


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   မြန်မာနိုင်ငံသို့  ထပ်မံလှူဒါန်းသည့်  Sinopharm  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက်  တတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ၅ ဒသမ ၄ သန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   ထပ်မံရောက်ရှိကြသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို    ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ  တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်ပေးပို့ လှူဒါန်းသွားမည်


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ    မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ  ၀၅၆  သန်းတို့အနက်  ပထမအသုတ် အနေဖြင့်  Sinopharm ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး  ငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်းသည် မေ ၁၈ ရက်တွင် လည်းကောင်း၊   ဒုတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ငါးသန်းသည် မေ ၁၉ ရက်တွင် လည်းကောင်း ရန်ကုန်မြို့သို့  ရောက်ရှိခဲ့ပြီး  မေ ၂၉  ရက်တွင်  ကျန်ရှိ သည့်   ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးနှင့်  ဆေးထိုးအပ်များကို  ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့်     ယနေ့ရောက်ရှိ လာသည့်  ဆေးထိုးအပ်များကို  မရမ်းကုန်းမြို့နယ်  မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့ မော်တော်ယာဉ်များဖြင့်   ပို့ဆောင်ပေးခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။                          
     

သတင်းစဉ်