
နေပြည်တော် ဒီဇင်ဘာ ၂၉
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက် အကူပြုစေရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ
စောင့်ကြည့်ရေးကော်မတီ(JMC-U) ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရခြင်း အကြောင်း ရင်းကို ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဆင့် ဆင့်သို့ အမေရိကန်ဒေါ်လာ သုံးသိန်းနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)သို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံရယူပြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးပြည့်စုံတို့က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို သံအမတ်ကြီး Mr.Chen Hai ထံ ပြန်လည် ပေးအပ်သည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း အတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် သံအမတ်ကြီး Mr.Chen Hai တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်