တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
 

 

အခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး  Mr. Chen Hai နှင့်    ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး           အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု         ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု အဆင့်   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ     ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန(၁)    ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်             အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်     ပစ်ခတ်တိုက်ခိုက်မှု     ရပ်စဲရေး ဆိုင်ရာ    ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) မှ  ဒုတိယ ဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့်    တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


ပေးအပ်လှူဒါန်း


အခမ်းအနားတွင် သံအမတ် ကြီး Mr. Chen Hai  က  မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း ရခြင်း အကြောင်းရင်းကို  ပြော ကြားပြီး       အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အဆင့်ဆင့် သို့ အမေရိကန်ဒေါ်လာ   သုံးသိန်း နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ     ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)သို့ အမေရိကန် ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်း ရာ  ကော်မတီဥက္ကဋ္ဌ     ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံ ရယူပြီး(အပေါ်ပုံ)  ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် ဦးပြည့်စုံတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်    အမှတ် တရလက်ဆောင်များကို  သံအမတ် ကြီး  Mr.Chen Hai ထံ ပြန်လည် ပေးအပ်သည်။        ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်က ထောက်ပံ့ငွေ       ပေးအပ်လှူဒါန်း ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 


ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး


ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်နှင့် သံအမတ်ကြီး Mr.Chen Hai တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက် မှုနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။    

 
သတင်းစဉ်