
ရန်ကုန် ဧပြီ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ပါတီကော်မတီအတွင်း ရေးမှူး H.E. Mr. Wang Ning ဦးဆောင်သော အထူးကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်က လာအိုနိုင်ငံမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိသည်။
အထူးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့် အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဖြိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်