တရုတ်နိုင်ငံရဲ့အလုပ်အကိုင်ဖန်တီးမှုအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ

 

ထွန်းကျော်

တရုတ်နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ဟာ ပုံမှန်အားဖြင့် နောက်ထပ်ငါးနှစ်လောက် ဆက်လက်တည်ငြိမ်နေဦးမှာ ဖြစ်ပါတယ်။ အနာဂတ် ကြိုတင်စိန်ခေါ်မှုများအတွက် တရုတ်နိုင်ငံဟာ သူ့ရဲ့ အခြေအနေအလိုက် အလုပ်အကိုင်ဖန်တီးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
 

ငါးနှစ်စီမံကိန်းကို ထုတ်ပြန်ကြေညာ  
တရုတ်နိုင်ငံရဲ့ အလုပ်အကိုင်ပထမဦးစားပေး မူဝါဒအရ နိုင်ငံတော်ကောင်စီကလည်း ၁၄ ကြိမ်  မြောက်  ငါးနှစ်စီမံကိန်းအတွက် အလုပ်အကိုင် တိုးမြှင့်ရေးအစီအစဉ်ကို ထုတ်ပြန်လိုက်ပါတယ်။ ထိုစီမံကိန်းမှာ ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပါ တယ်။ ထိုစီမံကိန်းနဲ့အတူ  နောက်ငါးနှစ်အတွင်းမှာ ကျေးလက်အလုပ်အကိုင် ၅၅ သန်းကျော်  ဖြစ်ပေါ် လာမယ်လို့လည်း ကတိပေးလိုက်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်နဲ့   လူမှုဖူလုံရေး ဒုတိယဝန်ကြီး လီဇောင်က အလုပ်အကိုင်တိုးမြှင့် ရေးအစီအစဉ်ဟာ အခွင့်အလမ်းရော စိန်ခေါ်မှုပါ နှစ်ခုစလုံးနဲ့ ရင်ဆိုင်နေရတဲ့ အလုပ်သမားငှားရမ်း ခြင်း၊ အလုပ်ခန့်အပ်ခြင်းနဲ့  သက်ဆိုင်တဲ့အလုပ် အကိုင်အတွက် အရေးကြီးတဲ့ လမ်းညွှန်ချက်ဖြစ် တယ်လို့ ပြောကြားလိုက်ပါတယ်။
အရေးကြီးတဲ့အခြေခံအုတ်မြစ်
အလုပ်အကိုင်ဈေးကွက်မှာ   လတ်တလော ပြဿနာများနဲ့   အနာဂတ်မသေချာမှုများကို သဘောပေါက်လက်ခံရင်း တရုတ်ထိပ်တန်းစီးပွား ရေးအစီအစဉ်ရေးဆွဲသူအဆင့်မြင့်အရာရှိတစ်ဦး က အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်း ကို   တည်ငြိမ်အောင်လုပ်ဆောင်တဲ့    နေရာမှာ အဘက်ဘက်က  ယုံကြည်ချက်ရှိတယ်လို့  ပြောဆို လိုက်ပါတယ်။ 
တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင် စီးပွားရေး ရှုမြင်သုံးသပ်ချက်ဟာ အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်းကို မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ   ဂိုဂိုက   ပြောပါ တယ်။
အလုပ်သမားတွေကို အမြဲအလိုရှိ 
ဖွံ့ဖြိုးတိုးတက်မှုအသစ်ဆိုင်ရာမောင်းနှင်မှုများကို အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်း ကို  မြှင့်တင်ဖို့   အသုံးပြုထားပါတယ်လို့   ဂိုက ပြောပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့   စွန့်ဦး တီထွင်စွမ်းဆောင်ရှင်များနဲ့ အတွေးအမြင်သစ်တွေ ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တဲ့ နေရာမှာ တရုတ်နိုင်ငံရဲ့  စွမ်းဆောင်မှုတွေကို  ကိုးကားပြီး ဂိုကပြောလိုက်ခြင်း ဖြစ်ပါတယ်။ 
စက်မှုလုပ်ငန်းများ ချက်ချင်းပေါ်ပေါက်လာမှု နဲ့အတူ တရုတ်နိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် နေတဲ့ ဝန်ဆောင်မှုကဏ္ဍဟာ အလုပ်သမားတွေကို အမြဲအလိုရှိနေပါတယ်။  တတိယစက်မှုလုပ်ငန်း တွေမှာ အလုပ်လုပ်တဲ့သူအရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်က  စုစုပေါင်းလုပ်သားအင်အားစုရဲ့ ၄၇ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၆ ခုထက်စာရင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာပါတယ်လို့ လီဇောင် က ပြောပါတယ်။
ကျောထောက်နောက်ခံပြု 
တရုတ်နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ကို ပုဂ္ဂလိကကဏ္ဍက ကျောထောက်နောက်ခံ ပြုထား ပါတယ်။ အသေးစားနဲ့  အလတ်စားစီးပွားရေး လုပ်ငန်းတွေနဲ့   ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကဲ့သို့သော  စီးပွားရေးလုပ်ငန်းတွေက အလုပ်အကိုင် ၈၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးထားပါတယ်။ 
ထို့အတူ အလုပ်အကိုင်သစ်ပေါင်း ၉၀ ရာခိုင်နှုန်း ကျော်လောက် ဖန်တီးပေးထားပါတယ်။ 
အရည်အချင်းရှိတဲ့လုပ်သားသန်း ၂၀၀ ရှိ 
တရုတ်နိုင်ငံမှာ အရည်အချင်းရှိတဲ့အလုပ်သမား သန်း ၂၀၀ ရှိတယ်လို့ ဂိုက ပြောပါတယ်။ အဲဒီထဲမှာ သန်း ၅၀ ကျော်က အဆင့်မြင့်ကျွမ်းကျင်လုပ်သားတွေဖြစ်ကြပါတယ်။ သူတို့ဟာ “တရုတ်နိုင်ငံတွင် လုပ်သည်”၊ “တရုတ်နိုင်ငံတွင် ဒီဇိုင်းရေးဆွဲသည်” ဆိုသည့်  ခေါင်းစဉ်အောက်တွင် အကောင်းဆုံးပံ့ပိုး ကူညီပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်ကြပါတယ်လို့ သူက ဆက်ပြောပါတယ်။ 
ငါးနှစ်ကြာ  အလုပ်အကိုင်   အစီအစဉ်သစ်ကို စတင်လိုက်မှုနဲ့အတူ  တရုတ်နိုင်ငံဟာ   နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ကို ကျောထောက်နောက်ခံ ပြုနေတဲ့ ထင်ရှားတဲ့ပြဿနာတွေကို ဖြေရှင်းဖို့လည်း ရည်ရွယ်ထားပါတယ်။
ဈေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီ
အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်းမှာ အဓိကအကျပ်အတည်းကတော့ ဖွဲ့စည်းတည်ဆောက် မှုအပိုင်းပါပဲလို့ မှတ်ချက်ပြုပြောကြားပါတယ်။
ဈေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ အဆင့်မြင့် ပညာရပ်ကဏ္ဍမှာ ပညာရေးနဲ့  လေ့ကျင့်ရေးတွေ ပြုလုပ်တဲ့အခါမှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာပါတယ်လို့ ဂိုက ဆက်လက်ပြောကြားပါတယ်။ 
သက်ကြီးအလုပ်သမားတွေ 
အလုပ်အကိုင်ရရှိဖို့ ခက်ခဲလာ 
ထို့အတူ သက်ကြီးလူဦးရေ တိုးပွားလာတဲ့အချိန် စက်မှုလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲလိုက်တဲ့အခါမှာ သက်ကြီးအလုပ်သမားတွေ    အလုပ်အကိုင်ရရှိဖို့ ခက်ခဲလာပါတယ်။
အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်းက အပန်းတကြီးလုပ်ဆောင် ရတဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်သော်လည်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အလုပ်သမား ငှားရမ်းခြင်း၊   အလုပ်ခန့်အပ်ခြင်းကို   ကျယ်ကျယ် ပြန့်ပြန့်  လုပ်ဆောင်လျက်ရှိတယ်လို့   ပြောလိုက် ပါတယ်။
လုံခြုံမှုရှိအောင်လုပ်ဆောင်လျက်ရှိ  
အဓိကအလုပ်လုပ်နိုင်တဲ့ အလုပ်သမားအုပ်စု များကြား အလုပ်သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ် ခြင်းမှာ   ဘက်ပေါင်းစုံ    သက်မွေးကျွမ်းကျင်မှု သင်တန်းကို  အဆင့်မြှင့်တင်ခြင်းနဲ့   အလုပ်သမား ငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်းကို လုံခြုံမှုရှိအောင် ကာကွယ်မြှင့်တင်ဖို့လည်း လုပ်ဆောင်လျက် ရှိပါ တယ်။
ငါးနှစ်စီမံကိန်းမှာ တိကျတဲ့လုပ်ဆောင်ချက် တွေကို ဖော်ပြထားပါတယ်။ အဲဒီမှာ အလုပ်အကိုင် ပုံစံသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အလုပ် သမားငှားရမ်းခြင်း၊ အလုပ်ခန့်အပ်ခြင်းမှာ ပါဝင်တဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့မှုတွေလုပ်ဆောင်မယ့်အစီအစဉ်လည်းပါဝင်ပါတယ်။ ထို့အတူ ဒေသအသီးသီးမှာ အလုပ်သမားငှားရမ်းခြင်း၊ အလုပ် ခန့်အပ်ခြင်းတွေ   ဖွံ့ဖြိုးတိုးတက်ဖို့   တိုက်တွန်း လုပ်ဆောင်မှုတွေလုပ်ဆောင်ဖို့လည်း ပါဝင်ပါ တယ်။     ။
ကိုးကား - ဆင်ဟွာ