တရုတ်နိုင်ငံ၌ ရေဘေးကယ်ဆယ်ရေး ယွမ် သန်း ၅၀၀ ခွဲဝေသုံးစွဲရန်လျာထား

 

ပေကျင်း    မေ   ၂၁


တရုတ်နိုင်ငံက ယခုနှစ်၏ ရေကြီးရာသီ သက်ရောက်မှုအတွက် ယွမ်သန်း  ၅၀၀ (အမေရိကန် ဒေါ်လာ   ၇၄  သန်းခန့်) လျာထားကြောင်း    အာဏာပိုင်များက မေ ၂၁ ရက်က ပြောကြားခဲ့သည်။ 

 


ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်း အမြစ်ဝန်ကြီးဌာနတို့က     ရန်ပုံငွေကို ပူးပေါင်းခွဲဝေပေးခဲ့ကြောင်း         သိရ သည်။
ရေကြီးရေလျှံမှုထိန်းချုပ်ရေး အခြေခံ အဆောက်အအုံများ    ထိန်းသိမ်းခြင်း အပါအဝင်      ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်မှုများ    လုပ်ဆောင်ရန် အတွက် ရေအရင်းအမြစ်ဝန်ကြီးဌာနက တောင်းဆိုလိုက်ကြောင်း သိရသည်။

 


နိုင်ငံတောင်ပိုင်း       ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့် မေလမှ စတင်ကာ တရုတ်နိုင်ငံသည် အရေးပေါ်တုံ့ပြန်မှုအများအပြားကို   လုပ်ဆောင် ခဲ့သည်။
 

ဆင်ဟွာ