တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ဆေး ၂ သန်း မကြာမီကာလအတွင်း ရောက်ရှိမည် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား မှန်မှန်ကန်ကန်လိုက်နာ

 

 

နေပြည်တော်  ဇူလိုင်  ၁၂


COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ   ဒုတိယအကြိမ်    ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ် ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊   ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင် လွင်၊    ဦးဝင်းရှိန်၊     ဦးကိုကိုလှိုင်၊    ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊      ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)     ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ    တပ်မတော် အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   အဖွင့်အမှာစကားပြောကြားရာ တွင်   မိမိတို့နိုင်ငံတွင်   ရောဂါဖြစ်ပွားမှုအနေဖြင့် ဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ ၁၉၂၂၁၃ ဦး ရှိပြီ ဖြစ်သဖြင့်    မိမိတို့နိုင်ငံလူဦးရေ၏     ၀ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊     အာဆီယံနိုင်ငံများထဲတွင် နံပါတ် ၅ နေရာသို့ ရောက်ရှိနေကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းများ    မြင့်တက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်ရောဂါ ကူးစက်မှု အား ထိန်းချုပ်နိုင်ရန်အတွက်   မြေပြင်တွင်   လက်ရှိ ဖြစ်ပျက်နေမှုများကို     အမှန်အတိုင်းသိရှိရန်  လို ကြောင်း၊     ပြည်သူလူထုအနေဖြင့်လည်း   ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍      သံသယရှိလာပါက မိမိတို့အိမ်တွင်    ဆေးမြီးတိုဖြင့် ကျိတ်၍ကုသခြင်း များ ဆောင်ရွက်ခြင်းမပြုဘဲ  သက်ဆိုင်ရာမြို့နယ်များ အလိုက် ဖွင့်လှစ်ထားသည့်    ဒေသန္တရကျန်းမာရေး ဌာနများသို့     သွားရောက်အစစ်ဆေးခံရန်    လိုအပ် ကြောင်း၊ ဆေးရုံသို့  တိုက်ရိုက်ချက်ချင်းသွားရောက် ရန် မလိုအပ်သေးဘဲ  သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာ ရေးအရာရှိမှ စစ်ဆေးပြီးလိုအပ်ချက်ရှိပါက ဆေးရုံသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊   ဒေသန္တရ ကျန်းမာ ရေးဌာနများ၏ စစ်ဆေးမှုများသည်လည်း ထိရောက် မှုရှိကြောင်း၊ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သတင်းပို့ဆက်သွယ်  ဆောင်ရွက်သွားရန်လိုကြောင်း၊ ရောဂါကူးစက်မှုခံရသူများအနေဖြင့်  သတ်မှတ်ထား သည့်  ကျန်းမာရေးနှင့်  လျော်ညီသည့်နေရာတစ်ခုတွင် သီးသန့်နေထိုင်ရန်     လိုအပ်ကြောင်း၊           အားလုံး ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေမှန်များအား     မှန်မှန် ကန်ကန် တိတိကျကျဖြင့်သိရှိမှသာ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့်   အကျိုးရှိရှိ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့်   နိုင်ငံ တော်၏ကျန်းမာရေးဆိုင်ရာ    ကာကွယ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်မှုအပေါ်    အထောက်အကူ ပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊   ဖြစ်စဉ် များအား အမှန်အတိုင်း ပြည်သူများမှပြောရန်လိုပြီး စစ်ဆေးသည့်     အဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်သည်များအား စီမံဆောင်ရွက်ရန်လိုကြောင်း။
မသမာတဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေ
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊        တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောက်ဆီဂျင်လိုအပ်ချက်များအပေါ်  ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် သတင်းမှားများ   ဖော်ပြ နေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင်   “နောက် တစ်ခါ Oxygen နဲ့ပတ်သက်ပြီး     လူတွေတော် တော်များများ  ပြောကြတယ်။ ဒီရက်ပိုင်းအတွင်းမှာ Oxygen နဲ့ ပတ်သက်ပြီး။   တကယ်တော့ Oxygen က လက်ရှိအနေအထားမှာ   လုံလုံလောက်လောက် ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီးတော့    စိုးရိမ် ပြီးတော့ အချို့ကလည်း ဝယ်ထားတာရှိတယ်။ အချို့ ကလည်း   မသမာတဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာ လည်း ရှိတယ်။   ဒီအပေါ်မှာ နိုင်ငံရေးအရ  အမြတ် ထုတ်ဖို့   ဆောင်ရွက်လိုတဲ့လူတွေလည်း   ရှိတယ်။ Oxygen အိုးတွေကို ဝယ်ပြီးတော့   ဖမ်းထိန်းတယ်။ Oxygen ပြတ်သွားပြီ။ အဲဒီမှာ Rumour တွေ  ထွက် ကုန်တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ပြင်ဦးလွင်  မှာရှိတဲ့ Oxygen plant ပျက်သွားတယ် ဆိုပြီးတော့ ဖြစ်လာတယ်။   ကျွန်တော်က    တာဝန်ရှိတဲ့သူတွေ မေးတဲ့အခါကျတော့     နေ့လယ် ၁၂ နာရီအထိ အကောင်းပါပဲတဲ့   ဘာမှမဖြစ်ပါဘူးလို့ပြောတယ်။ ကျွန်တော်မေးကြည့်တယ်။   အဲဒီစက်ရုံကို  Check လုပ်ခိုင်းကြည့်တော့။  နောက်ဆုံးရတဲ့ Information ပေါ့။ အဲ့ဒီအချိန်မှာထိ  ဘာမှမဖြစ်ဘူးလို့ပြောတယ်။ ဆိုလိုတာကတော့။ Rumour တွေ  ထုတ်ပြီးတော့မှ လူတွေ   အထိတ်တလန့်ဖြစ်ပြီးတော့  လုပ်တာပေါ့။ လူတွေက   ဘာလဲဆိုတော့     ပွဲလန့်တုန်း   ဖျာခင်း တာ။     အနှောင့်အယှက်မျိုးစုံ    ပေးကြတာ။    ဒါကို လည်း။ ပြည်သူလူထုကလည်း သတိရှိရှိနဲ့ဆင်ခြင်ပြီး တော့ ဆောင်ရွက်ကြဖို့ ကျွန်တော် ပြောလိုပါတယ်။ နောက် Oxygen စက်ရုံနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ကျွန်တော်တို့ ဆွေးနွေးပြီး တဲ့နောက်မှာ Oxygen plant တစ်ခုကို  ကျွန်တော် တို့ကို လွှဲပြောင်းပေးဖို့အတွက် အလှူရှင်တစ်ယောက် ကနေပြီးတော့မှ         ဆွေးနွေးလာတာရှိတယ်။ ကျွန်တော် လက်ခံလိုက်တယ်။    အခု ကျွန်တော်တို့ စလုပ်နေပြီ။   တစ်လအတွင်းမှာ  ဒီစက်ရုံပြီးပါမယ်။ Production    ပြီးတဲ့အထိကို       လုပ်နိုင်အောင် ကြိုးစားနေပါတယ်။   လောလောဆယ် foundation တော့ပြီးသွားပြီ။ သို့သော်လည်းပဲ   နောက်တစ်ဆင့် တက်ရမယ့်   လုပ်ငန်းစဉ်ရှိတယ်။    အဲ့ဒါ နှစ်ပတ် လောက် ကြာမယ်။  သူက Weight ကလည်းများတယ်။ ပြီးရင် အဲ့ဒါကို   လာပြီး   ဆင်မှာနဲ့ ပြုမှာနဲ့။   နောက် စက်ရုံပြန်ပြီးတော့ လည်ပတ်မယ်ဆို တစ်လလောက် ဆိုရင် ဒီစက်ရုံကို ကျွန်တော်တို့ လည်နိုင်ပြီ။ သူသည် တစ်နေ့ကို   အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်။ ဒါ ရန်ကုန်မှာ   ကျွန်တော်တို့   ဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန် မှုတော့        သိပ်မဖြစ်စေဖို့ရယ်။    မလိုအပ်တဲ့ ကောလာဟလတွေ ဖြန့်ချိပြီးတော့  ဆောင်ရွက်တာ မျိုး   မလုပ်ကြဖို့ရယ်။ ပြည်သူတွေကလည်း  ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း    ကျွန်တော် ပြောလိုပါတယ်။ အဓိက ကတော့ ဒီအပေါ်မှာ  နိုင်ငံ ရေးအရ အမြတ်ထုတ်ချင်တဲ့   လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း     ကျွန်တော်  ပြောလို ပါတယ်။   ဒါက လူမှုရေးကိစ္စပါ။  ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။       ဒါ နိုင်ငံရေးကိစ္စ   မဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။    လူ့ အသက်ကိစ္စ။      ဒီအပေါ်မှာ လာပြီးတော့မှ  ဒုက္ခရောက်အောင် မလုပ်ဖို့လိုတယ်။ ဒါလုပ်တယ်ဆိုရင်တော့    တော်တော်ကို   မိုက်မဲရာ ကျတဲ့လုပ်ရပ်ပဲလို့     ကျွန်တော်ပြောလိုတယ် ”   ဟု ပြောကြားသည်။  
မကြာမီကာလအတွင်း ရောက်ရှိမည်
ယင်းနောက်   မိမိတို့နိုင်ငံ၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ   ပိုမိုအောင်မြင်စေရန်အတွက် တရုတ်နိုင်ငံမှ    လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ဆေး ၂ သန်းသည်လည်း  မကြာမီကာလ အတွင်း   ရောက်ရှိမည်ဖြစ်ကြောင်း၊   တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံများသို့ လှူဒါန်းခြင်းနှင့်ရောင်းချ ခြင်းများ ပြုလုပ်လျက်ရှိသည်ကို   သတင်းများအရ သိရှိရကြောင်း၊ မိမိတို့နိုင်ငံကိုလည်း အိမ်နီးနားချင်း နိုင်ငံတစ်ခုအနေဖြင့်  ကူညီဆောင်ရွက်ပေးမှုများရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အထူးသဖြင့် ရှမ်းပြည် နယ် (မြောက်ပိုင်း)နှင့်    ကချင်ပြည်နယ်တို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက်      ကူညီ ဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ   ညွှန်ကြားချက်များအား    မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊      မဖြစ်မနေ လိုအပ်ချက်များရှိမှသာ အပြင်သို့ သွားလာခြင်းများဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကုန် ထုတ်လုပ်မှု လုပ်ငန်းများအား  ဆက်လက်လည်ပတ် ရန် ခွင့်ပြုပေးထားပြီး အဆိုပါလုပ်ငန်းများ အနေဖြင့် လည်း COVID-19  ရောဂါကာကွယ်ရေးနှင့်ပတ်သက် ပြီး    ညွှန်ကြားထားသည့်   ညွှန်ကြားချက်များအား တိကျစွာ      လိုက်နာဆောင်ရွက်ရန်   လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း      ကြိုတင် ကာကွယ်မှုများဖြင့်    ဆောင်ရွက်ရန်   လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း    COVID-19   ရောဂါ ကာကွယ်၊ ကုသမှုများ     ဆောင်ရွက်နိုင်ရေး ၁၂၇၈ နေရာတွင်     လူဦးရေ ၃၈၉၇၂ ဦး  လက်ခံနိုင်ရေး ပြင်ဆင်ထားရှိပြီး   အရပ်ဘက်အနေဖြင့်  ၁၄၅၃ နေရာတွင် လူဦးရေ ၇၁၄၇၅ ဦး    လက်ခံနိုင်ရေး    ပြင်ဆင်ထား ရှိပြီးဖြစ်ကြောင်း၊        ကြိုတင်ပြင်ဆင်မှု များအား   စဉ်ဆက်မပြတ်        ဆောင်ရွက်နေရမည်ဖြစ်ပြီး အဓိကအားဖြင့်  ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက် မှုများနှင့်     တာဝန်ရှိအဖွဲ့အစည်းများက    ထိထိ ရောက်ရောက်     ပေါင်းစပ်ဆောင်ရွက်သွားမည် ဆိုပါက    COVID-19   ရောဂါဖြစ်ပွားမှုနှုန်းအား အတတ်နိုင်ဆုံးအနေအထားတစ်ခုအထိ     ထိန်းနိုင် မည်ဟု ယုံကြည်ကြောင်း၊  COVID-19 ရောဂါသည် လုံးဝအရှင်းမပျောက်ကင်းနိုင်သည့်    ရောဂါမျိုးဖြစ် သည်ဟု ယူဆရသည့်အတွက်  ကာကွယ်ဆေးများ အမြဲမပြတ်    လိုအပ်နေမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ အတွင်း   ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင် ရာ  ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်ဖွဲ့များအားလုံး  ပူးပေါင်းဆောင်ရွက် ရန်နှင့်    COVID-19 ရောဂါ    ကာကွယ်ရေးသည် အမျိုးသားရေး ဖြစ်သဖြင့်    ပုဂ္ဂလိကကဏ္ဍများမှပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ခြင်းဖြင့်    နိုင်ငံတော်အတွက်များစွာ  အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားသည်။ 
ရှင်းလင်းတင်ပြ
ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်    (ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊    ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်     အခမ်းအနား တက်ရောက်လာကြသူများက    COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ကျန်းမာရေး ဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများလိုအပ်ချက် ရှိမှု၊ အောက်ဆီဂျင်များအား မသမာသည့် ရည်ရွယ် ချက်များဖြင့်    ဝယ်ယူစုဆောင်းခြင်းများကြောင့် အမှန်တကယ်လိုအပ်သည့်    ပြည်သူများအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိမှု၊          လိုအပ်သည့် အောက်ဆီဂျင်များအား  တပ်မတော်စက်ရုံအလုပ်ရုံ များ၊    ပုဂ္ဂလိက စက်ရုံများမှ   နေ့စဉ်ထုတ်လုပ်၍ ဆေးရုံများသို့     နေ့စဉ်    ဖြန့်ဝေပေးနေမှုနှင့် အောက်ဆီဂျင်များ  လုံလောက်စွာရရှိရေး  စီမံဆောင် ရွက်နေမှု၊ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပုဂ္ဂလိကဆေးရုံများတွင် ကုသနိုင် ရေး ခွင့်ပြုပေးမှု၊ COVID-19 ရောဂါကာကွယ်ဆေးများ ရောက်ရှိသည့်အချိန်တွင်    ပြည်သူများ   အမြန်ဆုံး ထိုးနှံနိုင်ရေး  ကြိုတင်ပြင်ဆင်ထားရှိမှု၊ စီးပွားရေးနှင့် သက်ဆိုင်မှု မရှိသည့်     ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ    ပြည်ပမှတင်သွင်းမှုအပေါ် အကောက် အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊ ဝေးလံခေါင်ဖျားသည့် ဒေသများအတွက် လိုအပ်သည့်  အောက်ဆီဂျင်စက် များနှင့်  COVID-19 ရောဂါ  စစ်ဆေးသည့်စက်များ လုံလောက်စွာရရှိရေး  ဆောင်ရွက်မည့်အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင်များ အား    ထိုက်သင့်သည့်ဈေးဖြင့်   ရရှိရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက်   ပစ္စည်း များအား    ပြည်ပမှတင်သွင်းရာတွင်   သတ်မှတ် အရည်အသွေးပြည့်မီစေရန်နှင့်   ပြည်သူများအနေဖြင့် ထိုက်သင့်သည့်ဈေးနှုန်းများဖြင့်  ဝယ်ယူအသုံးပြု နိုင်ရေး  တာဝန်ရှိသူများက   ကြပ်မတ်စစ်ဆေး ရန်လိုကြောင်း၊   ကျန်းမာရေးဝန်ထမ်းများ  လိုအပ် လျက်ရှိသည့်   ဝေးလံခေါင်ဖျားသည့်ဒေသများသို့ တပ်မတော်သားဆရာဝန်များ   စေလွှတ်ပေးသွား မည်ဖြစ်ပြီး  လိုအပ်သည့်    ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု      စက်ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊          ရဟတ်ယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ များ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန် သတင်းမှားများဖြင့် လုပ်ဆောင်မှုများရှိသောကြောင့်  ပြည်သူများအား ကျန်းမာရေးဆိုင်ရာ       အသိပညာပေးမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးသည်။
တိတိကျကျ ဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   နိဂုံး ချုပ်အမှာစကားပြောကြားရာတွင်   ဒေသအလိုက် လိုအပ်ချက်များအား   အချိန်နှင့်တစ်ပြေးညီသိရှိရန် လိုအပ်ပြီး    ချက်ချင်းအရေးယူဆောင်ရွက်ရန်လို ကြောင်း၊  တစ်နိုင်ငံလုံးရှိအောက်ဆီဂျင်စက်ရုံများ၊ တပ်မတော်ဆေးရုံများ၊    အရပ်ဘက်ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများရှိ   အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေများအား   သိရှိအောင်  ဆောင်ရွက်ထား ရန်လိုအပ်ပြီး   လိုအပ်ချက်များရှိသည့်နေရာများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး  ဆောင်ရွက်ရန်လိုကြောင်း၊ လူနေမှုထူထပ်သည့် ရန်ကုန်မြို့နှင့်    မန္တလေးမြို့များ တွင် ကူးစက်မှုများအား  မျက်ခြည်မပြတ်  ကြည့်ရှု၍ အမြန်ဆုံးထိန်းချုပ်နိုင်ရေး     ဆောင်ရွက်ရန်လို ကြောင်း၊   Community COVID Positive Centre များထားရှိခြင်းသည်  အကျိုးရှိသည့်  ဆောင်ရွက်ချက် ဖြစ်ကြောင်း၊   အဆိုပါနေရာများတွင်  တာဝန်ထမ်း ဆောင်ကြသည့်  စေတနာ့ဝန်ထမ်းများအတွက်လည်း ကျွေးမွေးမှုလုပ်ငန်းများနှင့်      ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက်   လှူဒါန်း လိုသည့် အလှူရှင်များထံမှ  အလှူငွေများ၊  ကျန်းမာ ရေးဆိုင်ရာပစ္စည်းများနှင့်    စားသောက်ဖွယ်ရာများ လက်ခံနိုင်ရေး    ဆောင်ရွက်ရန်လိုကြောင်း၊     ပြည်ပ တွင်ရောက်ရှိနေသည့်   မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိ ကြောင်း၊  အဓိကအားဖြင့် အိမ်နီးနားချင်းနိုင်ငံများ တွင်   ရောက်ရှိနေသူများအား ပြန်လည်ခေါ်ယူသွား မည်ဖြစ်ကြောင်း၊     ပြန်လည်ရောက်ရှိသူများအား COVID-19 စည်းကမ်းချက်များနှင့်အညီ  တိတိကျကျ ဆောင်ရွက်ရန်လိုကြောင်း၊    ဝေးလံသည့်နိုင်ငံများ တွင်ရောက်ရှိနေသူများကိုလည်း ပြန်လည်ခေါ်ယူရန် လိုကြောင်း၊    မိမိတို့နိုင်ငံသားများ    မိမိတို့နိုင်ငံ အတွင်း     နေထိုင်ခြင်းသည်သာ    အကောင်းဆုံး ဖြစ်ကြောင်း။
 အတားအဆီးမရှိ သွားလို့ရအောင်လုပ်
ထို့နောက်   ညမထွက်ရ  သတ်မှတ်ထားသည့် နယ်မြေဒေသများတွင်      ကျန်းမာရေးကိစ္စနှင့် ပတ်သက်ပြီး အချိန်မီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြောကြားရာတွင်  “နောက်တစ်ခုက စောစောက တွဲဖက်အတွင်းရေးမှူးဆွေးနွေးသွားတဲ့  ညမထွက်ရ မြို့တွေက    အရေးပေါ်သွားလာမှုနဲ့    ပတ်သက်ပြီး တစ်ချက်ပါလာတာရှိတယ်။   အဲ့ဒါလည်း မှန်တယ်။ ညမထွက်ရမြို့တွေကျတော့လည်း   လုံခြုံရေးအဖွဲ့ အစည်းတွေက   ဟိုတား ဒီတား   တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်ကဟုတ်က  အမြတ်ထုတ်ပြီး  မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲဒီတော့  ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ် လူနာသွားလာရေးနဲ့    ပတ်သက်ပြီးတော့   အတား အဆီးမရှိ သွားလို့ရအောင်လုပ်ရမယ်။  ဆေးရုံတွေ သွားနိုင်ဖို့အတွက်။ ဥပမာအားဖြင့်-သူသည် မြို့နယ် မှာပဲ သွားတာလည်းဖြစ်မယ်။ တခြားမြို့နယ်ကျော် သွားတာလည်း ရှိရင်ရှိမယ်။ အဲဒါကိုတော့ စိစစ်ပြီး တော့    တစ်ခါတည်းစိစစ်။    တစ်ခါတည်း ခွင့်ပြုဖို့ လိုမယ်။ ဖြတ်သန်းခွင့်ပေးဖို့လိုမယ်။ တချို့နေရာမှာ လည်း Check လုပ်တာတော့  ရှိရင် ရှိမှာပေါ့။ Check လုပ်တာ နှစ်မိနစ်လောက်ရှိရင် ရှိမှာပေါ့။ စက္ကန့် ၃၀ လောက်ကြာရင်  ကြာမှာပေါ့။   လူနာပြ။ ဟုတ်ပြီ။ ဆရာဝန်ပါလား။  ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါ လား။   ဟုတ်ပါတယ်ဆို  ချက်ချင်းလွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။   လုံခြုံရေး အဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့လိုတယ်။ အဲဒီလိုလည်း လုပ်လို့ရရင် လည်း ညမထွက်ရဖြစ်လာတဲ့    ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ်ဆိုတာလေး    ကျွန်တော်ပြော လိုပါတယ်” ဟု ပြောကြားသည်။ 
အပြုသဘောနဲ့ရေး
ဆက်လက်ပြီး   မီဒီယာများအနေဖြင့်   အများ ပြည်သူအကျိုးရှိစေမည့်    သတင်းများနှင့်   မှန်မှန် ကန်ကန် ဖော်ပြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “နောက်တစ်ခါတော့ မီဒီယာများကိစ္စပါ။ ဒါ ခုနက   ဆွေးနွေးတဲ့ထဲမှာ ပါတာပေါ့။  မီဒီယာတွေ ကတော့ တကယ်လည်း အဖျက်အမှောင့်လုပ်ငန်းနဲ့။ နိုင်ငံရေးအရပြောရင် တခြားကိစ္စနဲ့ ပြောရင်ပြောပေါ့။ ဒီ Covid နဲ့ ပတ်သက်ပြီးတော့။  ဒါ အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။   အစိုးရထိခိုက်တဲ့   ကိစ္စ မဟုတ်ဘူး။  အများပြည်သူထိခိုက်တဲ့ ကိစ္စဖြစ်တယ်။ မီဒီယာတွေကတော့    မှန်မှန်ကန်ကန်ရေးပေးဖို့။ ထုတ်ပြန်ဖို့လိုတယ်။  မီဒီယာတွေကနေပြီးတော့ ရေးသားတာလည်း   မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်။ အပြုသဘောနဲ့ရေးတာတော့    ကျွန်တော်တို့   ဘာမှ လက်မခံနိုင်စရာ    အကြောင်းမရှိပါဘူး။     သို့သော် အချို့က  အဖျက်သဘောနဲ့ လုပ်တာတွေ ရေးတာတွေ တွေ့တယ်။  ဒါတော်တော်ကြီးကို ဒီရက်ပိုင်းအတွင်းမှာ များလာတာတွေ့တယ်။  ဘယ်သူသေသေ၊  ငတေမာ ရင်ပြီးရောဆိုတဲ့ ဟာမျိုးပေါ့။        ဒီလိုမျိုးစိတ်နဲ့ လုပ်တာကတော့     တော်တော်လေးကို  အင်မတန်ကို တော်တော်ဆိုးရွားပါတယ်။  ကျွန်တော်တို့ လူမျိုးတွေ က    ဗုဒ္ဓဘာသာအများစု   ကိုးကွယ်တဲ့သူတွေပါ။ ဘယ်ဘာသာမှလည်း လက်မခံဘူး ဒီဟာကို။ သူများ ဒုက္ခရောက်မယ့်ကိစ္စမျိုးကို  ဘယ်ဘာသာမှလည်း လက်မခံဘူး။ အထူးသဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ။ ဒါနဲ့ ပတ်သက်ပြီး      ပိုပြီး အလေးထားတဲ့နေရာ၊ နိုင်ငံဖြစ်ပါတယ်။ လူမှုရေးစိတ်ဓာတ်နဲ့ ပတ်သက်ရင် လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပိုပြီးတော့ မှ အလှူအတန်းလည်း စိတ်ရှိကြတယ်။ volunteer စိတ်လည်း   ရှိကြတယ်။   ဒီလိုနေရာမျိုးမှာ ဒီလို စိတ်ဓာတ်တွေကို   ပျက်ပြားအောင်လုပ်တာမျိုးက တော့  ဒါမဖြစ်သင့်ဘူး။   အသိတရားနဲ့ရော၊ သတိ တရားနဲ့ရော။    အားလုံးကနေ    လုပ်ဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။
 အားလုံးဝိုင်းဝန်းပံ့ပိုးကူညီ
ယင်းနောက် မိမိတို့အနေဖြင့် လက်ဝယ်တွင်ရှိ သည့်    စွမ်းအားစုများအား   COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်    ထိထိ ရောက်ရောက်အသုံးချ    ဆောင်ရွက်ရန်လိုကြောင်း၊ အောက်ဆီဂျင်များ    လုံလောက်စွာ   ရရှိအောင် ဆောင်ရွက်ခြင်း၊    ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ     လုံလောက်စွာ   ရရှိအောင် ထုတ်လုပ်ခြင်းနှင့်    ပြည်ပမှ တင်သွင်းခြင်းများအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ရရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊  စီမံခန့်ခွဲမှုလုပ်ငန်း များအား  မှန်မှန်ကန်ကန်   ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ  တင်ပြဆောင်ရွက်ကြရန်  လိုပြီး   ကျန်းမာရေးဝန်ကြီးဌာန၏   လိုအပ်ချက်များ အား  အားလုံးဝိုင်းဝန်းပံ့ပိုး   ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့်    မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်