
မနီလာ အောက်တိုဘာ ၂၅
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အထောက်အကူပြုရန် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ သည် ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာသို့ ယမန်နေ့ တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လေဆိပ်၌ ကာကွယ် ဆေးလွှဲအပ်ပွဲ အခမ်းအနားပြုလုပ်စဉ် ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွန်ရှိလျန်က ယခု လှူဒါန်းမှုသည် တရုတ်နိုင်ငံနှင့် ပြည်သူများက ဖိလစ်ပိုင်ပြည်သူများသို့ ချစ်ကြည်ရင်းနှီးမှုကို ပြသ ခြင်းပင်ဖြစ်သည်ဟု သတင်းထောက်များအား ပြောကြားသည်။
ဤကာကွယ်ဆေးသည် ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အထောက် အကူပြုမည်ဖြစ်သလို ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူအရေအတွက်ကိုလည်း မြင့်တက်စေ မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။
တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်တာဝန်ရှိသူများ က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိခြင်း ကြောင့် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ ကာကွယ် ဆေး ထပ်မံလှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ယင်းလှူဒါန်းမှုကို အလွန်အရေးကြီး သည့် ကူညီပံ့ပိုးမှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံက ပထမဆုံးတင်ပို့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လက်ခံရရှိခဲ့ပြီး မတ် ၁ ရက်မှစ၍ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုအစီအစဉ်ကို စတင်ဆောင်ရွက်လာခဲ့ သည်။
ဖိလစ်ပိုင်အစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် လူဦးရေ သန်း ၇၀ ခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည်။ လက်ရှိအချိန် အထိ ဖိလစ်ပိုင်နိုင်ငံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၂၅ သန်း ကျော်ရှိပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုခံယူပြီးသူ ၅၅ သန်းကျော်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံသည် အမျိုးမျိုးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကုမ္ပဏီများမှ ကာကွယ်ဆေး အလုံးရေ ၉၇ ဒသမ ၆၇ သန်းကျော်လက်ခံရရှိခဲ့ပြီး တရုတ်နိုင်ငံထံမှ အများဆုံးလက်ခံရရှိသည်။ လက်ရှိ အချိန်အထိ ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂ ဒသမ ၇၅ သန်းကျော်ရှိပြီး ယင်းတို့အနက် ၄၁၇၉၃ ဦး သည် ထိုရောဂါဖြင့် သေဆုံး ခဲ့သည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ