
ရှီးချန်း မေ ၉
တရုတ်နိုင်ငံသည် မေ ၉ ရက်တွင် Long March-3B သယ်ဆောင် ရေး ဒုံးပျံတစ်စင်းကို အသုံးပြု၍ ဂြိုဟ်တုသစ်တစ်လုံးကို အာကာသ အတွင်း အောင်မြင်စွာလွှတ်တင် နိုင်ခဲ့သည်။
အောင်မြင်စွာ လွှတ်တင်
တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ရှီးချန်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ Smart SkyNet-1 01 ဂြိုဟ်တုအား အာကာသထဲသို့ ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၄၃ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိ
ဂြိုဟ်တုသည် သတ်မှတ် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အဆင် ပြေ ချောမွေ့စွာရောက်ရှိသွားပြီး ဂြိုဟ်တုလွှတ်တင်ရေး တာဝန် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ယခုလွှတ်တင်မှုသည် Long March ဒုံးပျံဆီးရီး၏ ၅၂၁ မြောက် ပျံသန်းမှု မစ်ရှင်ဖြစ်သည်။
ဆင်ဟွာ