တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

 

ရန်ကုန်   ဇန်နဝါရီ   ၆


ကိုဗစ်-၁၉   ရောဂါ    ဖြစ်ပွားမှု ကြောင့်  စားသောက်ရေးအခက် အခဲရှိသောပြည်သူများထံ အခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်း ခြင်းအစီအစဉ်ကို   တရုတ်နိုင်ငံ ဆိုင်ရာ   ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေး   ဖောင်ဒေးရှင်းမှ         ထောက်ပံ့ လှူဒါန်းလျက်ရှိရာ   အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်းနှင့် မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့် ကျောင်းနှင့် ဂေဟာတို့အား ဆန်၊  ဆီနှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

 


ထိုသို့ လှူဒါန်းရာတွင် Bank of China(Hong Kong) လီမိတက်  ရန်ကုန်ဘဏ်မှ   ကူညီထောက်ပံ့ မှုဖြင့် နိုဝင်ဘာ ၂၂ ရက်က    အမေ့ မေတ္တာ       သက်ကြွယ်ရိပ်မွန်ရှိ အဘွား  ၂၀၊   ဒီဇင်ဘာ ၁၄ ရက် တွင် မေရီချက်(ပ်)မင်း နားမကြား သော     ကလေးများကျောင်းရှိ ကလေးငယ် ၆၀၊   ဒီဇင်ဘာ ၂၉ ရက်တွင်    မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ လူငယ် ၆၀ စုစုပေါင်း ၁၄၀ တို့အား တစ်ဦး လျှင်  ဆန်   ၁၀    ကီလိုဂရမ်၊   ဆီ တစ်လီတာနှင့် ပဲ တစ်ကီလိုဂရမ် တို့ကို ပေးအပ်လှူဒါန်းရာ   သက် ဆိုင်ရာကျောင်း၊ ဂေဟာမှ တာဝန် ရှိသူများက         လက်ခံရယူခဲ့ကြ သည်။ 

 


 ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုဝင်ဘာလအတွင်း စားသောက်ရေးအခက်အခဲရှိသော       ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်မှ            အိမ်ထောင်စု ၁၀၀၀ နှင့် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု  ၁၀၀၀    စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ တို့အား ဆန်၊ ဆီနှင့် ပဲတို့ကို  ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း     တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု            လျှော့ချရေး ဖောင်ဒေးရှင်း(CFPA)   (ရန်ကုန် ရုံးခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။                            

သုတ