တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

 

နေပြည်တော်   အောက်တိုဘာ   ၉


နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသုံးပြုနိုင်ရန် အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ  ယွမ်ငွေ ၄၂၅၄၈၀၀- (ငွေကျပ် ၁၀၆၃၇၀၀၀၀၀) တန်ဖိုးရှိ Prescription Tea for Prevention of Covid-19  အထုပ် ၁၀၀၀၊ Sterilized Air Purifier Mask ၁၂၀၀၀၊ N95 Mask ၁၁၀၀၀၊ Portable Sterilizing Kit  ၂၀၀၊ 10L Oxygen Concentrator ရှစ်လုံးနှင့် Philips Non-Invasive Ventilator  နှစ်လုံးတို့ကို    အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့  လာရောက်လှူဒါန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်