တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ မြန်မာအပါအဝင် နိုင်ငံ ၅၀ ကျော် ပါဝင်ပြသမည်

 

နေပြည်တော်   ဩဂုတ်   ၁၈


(၅)ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ  ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး   ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီများနှင့်  လုပ်ငန်း နယ်ပယ်မှ ထိပ်တန်းကုမ္ပဏီ  ၂၇၀  ကျော် ပါဝင် လက်မှတ်ရေးထိုးကြပြီး      မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၅၀ ကျော်က  အွန်လိုင်းမှတစ်ဆင့်    ပါဝင် ခင်းကျင်းပြသကြမည်ဖြစ်ကြောင်း   တရုတ်သံရုံးမှ သိရသည်။

 


လက်ရှိအချိန်တွင် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  အဆိုပါကုန်စည်ပြပွဲသို့   နိုင်ငံတကာမှ ကုမ္ပဏီများ ပါဝင်ကြပြီး စာချုပ်ချုပ်ဆိုထားသော ပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ ၉၀ ရာခိုင် နှုန်း ခန့်ရှိကြောင်း သိရသည်။ 

 


ပြပွဲ၏  နည်းပညာဆိုင်ရာ    စက်ပစ္စည်းပြပွဲ ဧရိယာတွင်   ဉာဏ်ရည်တု သီးသန့်ဧရိယာကိုလည်း   ထည့်သွင်းထားမည်ဖြစ်ကြောင်း   တရုတ်သံရုံးက   သတင်းထုတ်ပြန်ထားသည်။    

                
  သီရိ