
ကွမ်ကျို့ မေ ၂
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန် ပြည်နယ်တွင် မေ ၁ ရက် နံနက် ပိုင်းက လမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ မေ ၂ ရက်မွန်းလွဲ ၂ နာရီအထိ သေဆုံးသူစုစုပေါင်းမှာ ၄၈ ဦး အထိ ရှိလာပြီး တခြား ၃၀ မှာ ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းစာရှင်းလင်း ပွဲအရ သိရသည်။
နောက်ထပ်သုံးဦး၏ ဒီအင်န် အေများကိုလည်း အတည်မပြု ရသေးချေ။ ဒဏ်ရာရရှိသူ ၃၀ မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေ ကြသည်။ ၎င်းတို့ထဲမှ တစ်ဦး တစ်ယောက်မျှ အသက်အန္တရယ် စိုးရိမ်ရခြင်းမရှိကြောင်း အာဏာ ပိုင်များက ပြောသည်။
Meizhou-Dabu အမြန်လမ်း ပိုင်းတွင် မေ ၁ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ဝန်းကျင်က လမ်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြိုကျ သည့် အပိုင်းမှာ ၁၇ ဒသမ ၉ မီတာ ရှည်လျားသည်။
သမ္မတရှီကျင့်ဖျင်က ပျောက် ဆုံးလျက်ရှိသူများကို ဆက်လက် ရှာဖွေရန်နှင့် ဒဏ်ရာရသူများကို ကုသပေးရန် တိုက်တွန်းပြောကြား ထားသည်။
ကယ်ဆယ်ရေးနှင့် နောက် ဆက်တွဲလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု သိရ သည်။
ဆင်ဟွာ