တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အားကစားပြိုင်ပွဲ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  စက်တင်ဘာ   ၂၁


(၁၉)ကြိမ်မြောက်  အာရှအားကစားပြိုင်ပွဲ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဟန်ကျိုး မြို့၌ စက်တင်ဘာ ၂၃ ရက်မှစတင်ကာ အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း  အဓိကမီဒီယာစင်တာ (Main Media Centre-MMC) မှ  ဒုတိယ ညွှန်ကြားရေးမှူး          မစ္စတာဟူဘင်က ပြောသည်။


“ကျွန်တော်တို့အနေနဲ့       အာရှ အားကစားပြိုင်ပွဲကြီးအတွက် အားကစား ကွင်းပေါင်း  ၅၆  ကွင်း   ပြင်ဆင်ထားပါ တယ်။    ဒီအထဲမှာ   ၃၁    ကွင်းကတော့ လေ့ကျင့်ရေးကွင်းတွေ  ဖြစ်ပါတယ်”  ဟု မစ္စတာဟူဘင်က     ပြောသည်။     အဆိုပါ အာရှအားကစားပြိုင်ပွဲသို့    နိုင်ငံပေါင်း ၄၅        နိုင်ငံမှ     အားကစားသမားများ လာရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ဆုပေါင်း ၄၀  ချီးမြှင့်သွားမည် ဖြစ်ကြောင်း   ၎င်းက    ထပ်လောင်းပြော ကြားသည်။


အဆိုပါ       အားကစားကွင်းများကို အားကစားပြိုင်ပွဲပြီးနောက်     စီးပွားရေး ဆိုင်ရာအဆောက်အအုံများ၊    အစည်း အဝေးခန်းများ၊ မင်္ဂလာခန်းမများအပြင် ဟန်ကျိုးမြို့နေ        ပြည်သူများအတွက် အားကစားလေ့ကျင့်ရေး နေရာများအဖြစ် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


ဟန်ကျိုးမြို့သည်   ၁၉၉၀  ပြည့်နှစ် ပေကျင်းအားကစားပြိုင်ပွဲ၊ ၂၀၁၀ ကွမ်ကျိုး မြို့ အားကစားပြိုင်ပွဲတို့ပြီးလျှင် တတိယ အကြိမ်မြောက်အဖြစ်    အာရှအားကစား ပြိုင်ပွဲကို   အိမ်ရှင်အဖြစ်  လက်ခံကျင်းပ သည့်မြို့ ဖြစ်သည်။


၂၀၀၈    ပေကျင်းအိုလံပစ်ဖွင့်ပွဲကို ကမ္ဘာက အံ့ဩခဲ့ရပြီးနောက် (၁၉) ကြိမ် မြောက်     အာရှအားကစားပြိုင်ပွဲကြီးကို လည်း        အကောင်းဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်      စီစဉ်လျက်ရှိ ကြောင်း၊ အာရှအားကစားပြိုင်ပွဲအပြီးတွင် မသန်စွမ်း     အားကစားပြိုင်ပွဲကိုလည်း အောက်တိုဘာ၂၂ ရက်မှ ၂၈  ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဟန်ကျိုးမြို့သည်         သမိုင်းဆိုင်ရာ အမွေအနှစ်များ၊        သဘာဝစီးပွားရေး လုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် ပြည့်နှက်နေသောမြို့ဖြစ်ပြီး      လူဦးရေ ၁၁ သန်းကျော် နေထိုင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံရှိ     လက်ဖက်အထွက်ဆုံး မြို့ကြီး ၁၀ မြို့အနက်  ဟန်ကျိုးမြို့သည် နံပါတ်တစ်    နေရာကို   ရယူထားကြောင်း သိရသည်။                                  

မြင့်မောင်