ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို အားပေး
နေပြည်တော် ဒီဇင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC  Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့်   Memorandum  of Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဝန်ကြီးရုံး   အစည်းအဝေးခန်းမ၌  Virtual  စနစ်ဖြင့်  ကျင်းပ သည်။
ပိုမိုကောင်းမွန်အကျိုးရှိနိုင်
အခမ်းအနားတွင်      စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယခုချုပ်ဆိုမည့် Memoran-dum of Agreement တွင် ရေရှည် ညှိနှိုင်းဆောင်ရွက် ရမည့်    လယ်ယာကဏ္ဍ၌     ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းအပြင်  ကာလတိုတွင်  အကျိုးရှိပြီး ချက်ချင်းဖော်ဆောင်နိုင်မည့် ကုန်သွယ်မှု အပိုင်းကိုပါ ထည့်သွင်းထားခြင်းသည် ပိုမိုကောင်းမွန်အကျိုးရှိနိုင်မည်ဟု    ယုံကြည်ပါကြောင်း၊   MOA အရ   ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများကို နှစ်စဉ် နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ် ခြင်းကို   ဝန်ကြီးဌာနအနေဖြင့်   အထူးအားပေးပါ ကြောင်း၊  မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့် အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့်   လယ်ယာထွက်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက် တည်ငြိမ်မှုရရှိရေးသည်     လွန်စွာအရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊    လယ်ယာကဏ္ဍ    ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့်   တရုတ်- မြန်မာ  ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ်နှင့်  ချိတ်ဆက်ပူးပေါင်းကာ ဒေသတွင်း     စားနပ်ရိက္ခာဖူလုံရေး၊     စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့်  တောင်သူလယ်သမားများ ၏   စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ဖော်ဆောင်ပေးရန် အရေးကြီးကြောင်း ပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက်  မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ   ဦးရဲမင်းအောင်၊     CITIC  Group   ဥက္ကဋ္ဌ   Mr. Chen Xiaojia တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍  လယ်ယာကဏ္ဍ  ထုတ်ကုန်များ အတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက် နိုင်ရန်  MOU အဆင့်မှ MOA  အဆင့်တိုးမြှင့်ချုပ်ဆိုခြင်း စာချုပ်ကို     လက်မှတ်ရေးထိုးကာ    အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။          
 သတင်းစဉ်
 
      


